ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမည်ဟု ဂျော်ဂျင်ဟို ပြောကြား

ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမည်ဟု ဂျော်ဂျင်ဟို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 2 December 2020

ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက မိမိအနေဖြင့် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုသည် ယခုရာသီအစပိုင်းတွင် ပွဲထွက်ခွင့်ရခဲ့သော်လည်း အောက်တိုဘာလကစပြီး ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသူဖြစ်သည်။ 

သို့သော် ဂျော်ဂျင်ဟိုက ပုံမှန်ပွဲထွက်ခွင့်အတွက် ကစားသမားများ အပြိုင်ဖြစ်နေခြင်းမှာ အသင်းအတွက် ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။ 

ဂျော်ဂျင်ဟိုက "ပုံမှန်ပွဲထွက်ခွင့်အတွက် ကစားသမားတွေ ယှဉ်ပြိုင်နေရတာက အသင်းအတွက် ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တာ်တို့ ကစားသမားတွေကြားမှာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေရှိတာကြောင့် လေ့ကျင့်ရေးကွင်းမှာ ပိုကြိုးစားလာပြီး အသင်းက ပိုကောင်းလာပါတယ်။ ကျွန်တော်တို့အားလုံး ပွဲထွက်ခွင့်ရဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဂျော်ဂျင်ဟိုက မိမိအနေဖြင့် ပွဲကစားခွင့်နည်းပါးလာသော်လည်း စိတ်မပူကြောင်းနှင့် အသင်း နိုင်ပွဲရရေးကသာ အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent