ကြွက်သားဒဏ်ရာကြောင့် ဟာဇက် အနည်းဆုံး(၃)ပတ် အနားယူရမည်     

ကြွက်သားဒဏ်ရာကြောင့် ဟာဇက် အနည်းဆုံး(၃)ပတ် အနားယူရမည်     
Photo: Getty Images
Photo: Getty Images
Published 1 December 2020

ရီးယဲလ်တောင်ပံကစားသမား ဟာဇက်သည် ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး(၃)ပတ် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

အသက် (၂၉)နှစ်အရွယ် ဟာဇက်သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၈)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ် (၁-၂) အလာဗတ်စ်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

မူလက ဟာဇက်အနေဖြင့် ရှက်တာဒိုးနက်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကိုသာ လွဲချော်နိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ နောက်ထပ်ပွဲစဉ်(၃)ပွဲကိုပါ လွဲချော်ရတော့မည်ဖြစ်သည်။ 

ဟာဇက် လွဲချော်ရမည့် ရီးယဲလ်အသင်း၏ ပွဲစဉ်များမှာ ရှက်တာဒိုးနက်၊ ဆီဗီလာ၊ မိုချန်ဂလာဘတ်၊ အက်သလက်တီကိုတို့နှင့် ကစားမည့်ပွဲစဉ်များဖြစ်ပြီး ဟာဇက်သည် ရီးယဲလ်အသင်း၌ သွင်းဂိုးအရေအတွက်ထက် ဒဏ်ရာရသည့်အကြိမ်က ပိုများနေကြောင်းလည်း ESPN က ဖော်ပြခဲ့သည်။

ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်သည် ရီးယဲလ်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၆)ပွဲတွင် (၂) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent