လက်ရှိအခြေအနေတွေအရ တွက်ဆမယ်ဆိုရင် ရုပ်သံက ပြသနိုင်မယ့်အခြေအ နေကိုပဲ ထည့်သွင်းစဉ်းစားစရာရှိတာကြောင့် ဈေးကွက်အရရော ပရိသတ်ရဲ့ဖြစ်ချင် စိတ်ကိုပဲ အဓိကစဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီအခြေအနေတွေအရ COVID-19 ကာလမှာ ရပ်နားထားတဲ့ လက်ဝှေ့ပွဲစဉ်တွေကို ပရိသတ်အာရုံစူးစိုက်မှုအခံရဆုံး တွဲ ဆိုင်းနဲ့ပဲ ပြန်လည်စတင်ဖို့ စဉ်းစားကြမှာပါ။ ဒါမှလည်း ရုပ်သံကနေကြည့်ရှုလာမယ့် အရေအတွက် တိုးတက်လာမှာဖြစ်သလို၊ အဲဒီကနေရလာမယ့် အကျိုး ရလဒ်ကိုလည်း မျှော်လင့်လို့ရလာမှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ နောက်ထပ် ဖြစ်လာမယ့် တွဲဆိုင်းတွေ၊ ပွဲစဉ်တွေအတွက်လည်း မျှော်လင့်လို့ရနိုင်မယ့် အကြောင်းပြ ချက်ကောင်း ဖြစ်လာနိုင်ပါတယ်။ မြန်မာ့လက်ဝှေ့ပွဲစဉ်တွေကို ပြီးခဲ့တဲ့မတ်လကတည်း က ရပ်နားခဲ့ရတာဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေနဲ့ မရှေးမနှောင်းလို့ ပြောလို့ ရပါတယ်။
ရပ်နားထားတဲ့လက်ဝှေ့ပွဲတွေကို ဘယ်တွဲဆိုင်းနဲ့ပြန်စမလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။