ဟာဗက်ဇ်၏ နေရာစုံကစားနိုင်မှုကြောင့် အသင်းအတွက် အလွန်အကျိုးရှိသည်ဟု ချယ်လ်ဆီးနည်းပြ လမ်းပတ် ပြောကြား

ဟာဗက်ဇ်၏ နေရာစုံကစားနိုင်မှုကြောင့် အသင်းအတွက် အလွန်အကျိုးရှိသည်ဟု ချယ်လ်ဆီးနည်းပြ လမ်းပတ် ပြောကြား
Photos : Getty Images
Photos : Getty Images
Published 4 November 2020

ချယ်လ်ဆီးနည်းပြ လမ်းပတ်က ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်၏ နေရာစုံကစားနိုင်မှုသည် အသင်းအတွက် အလွန်အကျိုးရှိသည်ဟု ပြောကြားခဲ့သည်။ 

ဟာဗက်ဇ်သည် ချယ်လ်ဆီးအသင်းတွင် ပွဲတိုင်းနီးပါး နေရာပြောင်းကစားနေရပြီး No.8 Role၊ No.10 Role၊ ညာတောင်ပံ၊ တိုက်စစ်မှူးနေရာများတွင် ကစားခဲ့ရသည်။ 

လမ်းပတ်က "သူက No.10 Role  မှာ ကစားတယ်၊ တောင်ပံမှာ ကစားတယ်။ နိုင်ငံနဲ့ အရင်ကလပ်မှာ ကစားခဲ့သလိုပေါ့။ အခု No.8 Role နေရာမှာလည်း ကစားပေးတယ်။ အသင်းအတွက် အရမ်းအကျိုးရှိစေပြီး ကျွန်တော် ကျေနပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent