ဖာဘင်ညို၏ဒဏ်ရာ ခန့်မှန်းထားသလောက် မပြင်းထန်ဘဲ အစားထိုးအသုံးပြုမည့်သုံးဦးကို ကလော့ပ် ထုတ်ဖော်ပြောကြား

ဖာဘင်ညို၏ဒဏ်ရာ ခန့်မှန်းထားသလောက် မပြင်းထန်ဘဲ အစားထိုးအသုံးပြုမည့်သုံးဦးကို ကလော့ပ် ထုတ်ဖော်ပြောကြား
Photos: Sky Sports & Getty Images
Photos: Sky Sports & Getty Images
Published 30 October 2020

လီဗာပူးလ်အသင်းကွင်းလယ်လူ ဖာဘင်ညို၏ဒဏ်ရာမှာ မူလခန့်မှန်းထားသလောက် ပြင်းထန်မှုမရှိကြောင်း သိရပြီး ခံစစ်အတွင်းလူနေရာတွင် အစားထိုးအသုံး ပြုမည့်သူ (၃)ဦးအမည်ကို ယာဂန်ကလော့ပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

    

ဖာဘင်ညိုသည် ဒူးအရွတ်ဒဏ်ရာ ကြောင့် ကာလရှည်အနားယူရမည့် ဗန်ဒိုက်၏ ခံစစ်အတွင်းလူနေရာတွင် အစားထိုးဝင် ရောက်ကစားနေသူဖြစ်ပြီး အင်္ဂါနေ့က ကစားခဲ့သည့် မစ်ဂျီလန်းအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 



ဖာဘင်ညိုအနေဖြင့် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး Grade 3 အဆင့်ဖြစ်ပါက (၆)လအထိ အနားယူရနိုင်ကြောင်း ခန့်မှန်းထားသော်လည်း Grade 1 (သို့မဟုတ်) Grade 2 အဆင့်သာ ရရှိခြင်းဖြစ်ကြောင်း The Mirror သတင်းစာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ 

သို့ဖြစ်ရာ ဖာဘင်ညိုသည် ကာလရှည်အနားယူရဖွယ်မရှိဘဲ နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်ကာလအပြီးတွင် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း The Mirror က ဖော်ပြသည်။ 



ထို့ပြင် ကြံ့ခိုင်မှုပြည့်ဝသည့် ခံစစ်အတွင်းလူအဖြစ် ဂျိုးဂိုးမက်ဇ်တစ်ဦးတည်းသာ ကျန်ရှိတော့သဖြင့် ရီးစ်ဝီလီယံ (၁၉ နှစ်)၊ နာသန်နီယဲလ်ဖီးလစ် (၂၃ နှစ်) နှင့် ဘီလီကူမတ်တီယို (၁၇ နှစ်) တို့ကို အစားထိုးအသုံးပြုမည်ဖြစ်ကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောကြားသည်။

    

"သူ (ဝီလီယံ) ကစားတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့အတွက် တစ်ခုတည်းသော ပြဿနာက ဝက်စ်ဟမ်းနဲ့ပွဲအတွက် အချိန်(၄)ရက်ပဲ ရတာပါ။ ရီးစ်အပြင် ကျွန် တော်တို့ဆီမှာ နတ်ဖီးလစ်လည်း ရှိပါသေးတယ်။  သူက အသင်းပြောင်းနိုင်တာကြောင့် ချန်ပီယံလိဂ်လူစာရင်းမှာ မပါပေမဲ့ ခံစစ်အတွင်းလူအဖြစ် ကောင်းကောင်းကစားနိုင်ပါ တယ်။ ဘီလီကလည်း မနက်ဖြန် လေ့ကျင့်နိုင်မလား မသေချာပေမဲ့ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာမှာပါ"ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

Most Read

Most Recent