ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းတွင် ဘာကလေ ပါဝင်နိုင်မည်ဟု ကတိပြုထားကြောင်း ဗီလာနည်းပြ ပြောကြား

ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းတွင် ဘာကလေ ပါဝင်နိုင်မည်ဟု ကတိပြုထားကြောင်း ဗီလာနည်းပြ ပြောကြား
Photo: Astonvilla
Photo: Astonvilla
Published 19 October 2020

အက်စတွန်ဗီလာနည်းပြ ဒင်းန်စမစ်က ကွင်းလယ်ကစားသမား ဘာကလေသည် လာမည့် ယူရို-၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်နိုင်မည်ဟု ကတိပြုထားကြာင်း ပြောကြားခဲ့သည်။

ဘာကလေသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းမှ အက်စတွန်ဗီလာအသင်းသို့ အငှားလာရောက်ကစားကာ ခြေစွမ်းပြနေသူဖြစ်ပြီး လက်စတာနှင့်ပွဲ၌ တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူခဲ့သူလည်းဖြစ်သည်။

ထို့ကြောင့် အက်စတွန်ဗီလာအသင်းသည် ရာသီအဖွင့် (၄)ပွဲဆက်တိုက်အနိုင်ရကာ ရာသီသစ်ကို အကောင်းဆုံးကို စတင်လျက်ရှိသည်။

ဒင်းန်စမစ်က ''ဘာကလေက ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားပါ။ သူ့ကို အငှားချပေးတဲ့အတွက် ချယ်လ်ဆီးအသင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် သူ့ကို ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပါဝင်အောင် လုပ်ဆောင်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ သူကလည်း အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပြနေပါတယ်'' ဟု ပြောကြားခဲ့သည်။

ဘာကလေသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၃၃)ပွဲကစားကာ (၆)ဂိုးသွင်းယူပေးထားသော်လည်း ရွေးချယ်ခြင်းမခံရသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent