စပိန်လာလီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 18 October 2020

အီဘာ - အိုဆာဆူနာ (တနင်္ဂနွေညနေ ၄း၃၀ နာရီ)

ဒီ(၂)သင်းရဲ့အနေအထားက မတိမ်းမယိမ်းပါပဲ။ အရင် ထိပ်တိုက်တွေ့ထားတဲ့ အစဉ်အလာတွေအရလည်း တစ်သင်းနဲ့ တစ်သင်း သိပ်မကွာလှဘူး။ အိုဆာဆူနာရဲ့ အဝေးကွင်းကစားပုံ သိပ်မဆိုးလှတာက ဒီပွဲအတွက် မျှော်လင့်ချက်ရောင်ခြည်လို့ ပြောနိုင်တယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဘီလ်ဘာအို - လီဗန်တေး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဘီလ်ဘာအို ပြန်နိုးထပြရတော့မယ်။ ပြီးခဲ့တဲ့ရာသီအစ ပိုင်းမှာတော့ ဘီလ်ဘာအို အတော်လေးအခြေအနေဆိုးခဲ့တယ်။ ကာဒစ်ဇ်လို တန်းတက်အသင်းကိုတောင် အိမ်ကွင်းမှာ ရှုံးခဲ့ တယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲမှာ ဘီလ်ဘာအိုတို့ အတိိမ်းအ စောင်း ထပ်အဖြစ်ခံမယ်မထင်တော့ဘူး။ လီဗန်တေးကလည်း ရာသီအစမှာ ပုံမှန်ခြေစွမ်းမရသေးဘူး။ ခံစစ်ပိုင်းအားနည်းမှုက ဘီလ်ဘာအိုအတွက် အခွင့်အရေးလိုဖြစ်သွားနိုင်တယ်။ ဘီလ် ဘာအိုနဲ့ ဂိုးအများပဲ ကြိုက်တယ်။

ဗီလာရီးယဲလ် - ဗလင်စီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)

ဗလင်စီယာဒါဘီပွဲဆိုပေမယ့် လက်ရှိအခြေအနေချင်းက ကွာနေသလို ဖြစ်နေတယ်။ ဗလင်စီယာက ပိုရုန်းကန်နေရတဲ့ အပြင် ခံစစ်ပိုင်းဒဏ်ရာပြဿနာတွေကလည်း အသင်းကို ပိုပြီး ထိခိုက်စေသလိုဖြစ်နေတယ်။ ဗီလာရီးယဲလ်ကတော့ ရာသီအစ ပွဲတိုင်းကို သတိကြီးကြီးနဲ့ ကစားနေပုံပေါ်နေပြီး အမှားအယွင်း နည်းအောင် ကစားနိုင်တာကိုလည်း တွေ့နေရတယ်။ အထူးသ ဖြင့် အိမ်ကွင်းပွဲတွေမှာ အမှတ်ပြည့်ရအောင် ပိုကစားပြနေနိုင် တဲ့ ဗီလာရီးယဲလ်ရဲ့အနေအထားက ဗလင်စီယာထက် ပိုသာပါ တယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

အလာဗတ်စ် - အယ်လ်ချီ (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

အလာဗတ်စ်လည်း တဖြည်းဖြည်းအတက်ဘက်ကို ပြောင်း လာနေတာတွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်းအား ကောင်းလာပြီး အိမ်ကွင်းဆို ပိုတည်ငြိမ်တယ်။ အယ်လ်ချီကလည်း ခြေစွမ်းပိုင်းအဆိုးကြီးမဟုတ်ဘူး။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

ဟွယ်ဆကာ - ဗယ်လာဒိုလစ် (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

ဟွယ်ဆကာရဲ့ အိမ်ကွင်းခံစစ်ပိုင်း ကျစ်ကျစ်လျစ်လျစ် ကစားပြနိုင်ပုံအရတော့ ဗယ်လာဒိုလစ် ဂိုးရဖို့ ပိုခက်နိုင်မယ့်ပွဲ မျိုးဖြစ်နေတယ်။ တန်းတက်အသင်းဆိုပေမယ့် ဟွယ်ဆကာရဲ့ ကစားပုံ ကစားအားက မာရေကျောရေရှိပါတယ်။ ဗယ်လာဒိုလစ် ကတော့ တိုက်စစ်ပိုင်းအားနည်းပြီး အဝေးကွင်းဆို ဂိုးရဖို့ပိုခက် တဲ့အခြေအနေက ဟွယ်ဆကာလို အိမ်ကွင်းအားပြုတဲ့အသင်း အတွက် အနိမ့်ဆုံးသရေလောက်ကစားနိုင်ဖို့ မခက်ပါဘူး။ ဂိုး နည်းမယ့်ပွဲလို့တော့ ထင်တယ်။

ဘက်တစ် - ဆိုစီဒက် (တနင်္ဂလာနံနက် ၁း၃၀ နာရီ)

ဒီနှစ်သင်းမှာ လတ်တလောခြေစွမ်းအရ ဘက်တစ်က ပို ငြိမ်နေတယ်။ အိမ်ရှင်အခွင့်အရေးလည်း ရှိနေတယ်။ ဆိုစီဒက် မှာ ဒဏ်ရာရကစားသမားတွေများနေပြီး အသင်းရဲ့ခြေစွမ်းပိုင်း က အတက်အကျများနေတုန်းပဲ။ ဒါပေမဲ့ အတတ်နိုင်ဆုံး မရှုံး အောင်ထိန်းကစားမယ့် ဆိုစီဒက်ကြောင့် ဘက်တစ်အတွက် အမှတ်ပြည့်ရဖို့ခက်မယ့်ပုံပါပဲ။ ဂိုးနည်းသရေပွဲဖြစ်ဖို့များတယ်။

Most Read

Most Recent