ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူအား အယုံအကြည်မရှိအဆို မဲခွဲမှုကို နိုဝင်ဘာ (၁၊ ၂) ရက်ပြုလုပ်ရန် အဆိုပြုထား

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူအား အယုံအကြည်မရှိအဆို မဲခွဲမှုကို နိုဝင်ဘာ (၁၊ ၂) ရက်ပြုလုပ်ရန် အဆိုပြုထား
Photo: Getty Images
Photo: Getty Images
Published 17 October 2020

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူအား အယုံအကြည်မရှိအဆို မဲခွဲမှုကို နိုဝင်ဘာ ၁၊ ၂ ရက်တွင်ပြုလုပ်ရန် အဆိုပြုထားကြောင်း သိရသည်။

    

ဘာတိုမူ၏ ဥက္ကဋ္ဌသက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသေးပြီး ရွေးကောက်ပွဲကို မတ်လတွင်ပြုလုပ်ရန် ကြေညာထားသော် လည်း Member အဖြစ် အဖွဲ့ဝင်ထားသည့် ပရိသတ်အစုအဖွဲ့က ယခုနှစ်မှာပင် နုတ်ထွက်ရစေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ အယုံအကြည်မရှိအဆို တင်သွင်းရန်အတွက် လက်မှတ် (၁၆၂၅၀) လိုအပ်ပြီး လက်ရှိတွင် လက်မှတ် (၂၀၆၈၇) အထိ ရရှိထားပြီဖြစ်သည်။ 

El Mundo Deportivo သတင်းစာ၏ဖော်ပြချက်အရ အယုံအကြည်မရှိအဆို မဲခွဲမှုကို ယခုလကုန်ပြီးနောက် တနင်္ဂနွေနှင့် တနင်္လာ နေ့ (နိုဝင်ဘာ ၁၊ ၂ ရက်)တွင် ပြုလုပ်ရန် အဆိုပြုထားပြီး မကြာခင် အတည်ပြုနိုင်ဖွယ်ရှိသည်။ 

မဲခွဲဆုံးဖြတ်မှုကို Member အဖွဲ့ဝင် တစ်သိန်းခွဲက ပြုလုပ်မည်ဖြစ်ပြီး လိုအပ်သည့် မဲအရေအတွက် (၆၆.၅) ရာခိုင်နှုန်းရရှိပါက ဘာတိုမူအနေဖြင့် ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သည်။

    

ဘာတိုမူသည် ၎င်းနှင့်နီးစပ်သည့် ဥက္ကဋ္ဌဟောင်း ဆန်ဒရိုရိုဆဲလ် ၂၀၁၄ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဒုဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲထမ်းဆောင်နေခြင်းဖြစ်သည်။ 

ဘာတိုမူသည် ဘာစီလိုနာအသင်းသမိုင်းတွင် အယုံအကြည်မရှိအဆို တင်သွင်းခံရသည့် တတိယမြောက်ဥက္ကဋ္ဌလည်း ဖြစ်သည်။

Most Read

Most Recent