အဲဗာတန်မှာ လီဗာပူးလ်အတွက် စိန်ခေါ်သူဖြစ်လာနိုင်ကြောင်း ကလော့ပ် ပြောကြား

အဲဗာတန်မှာ လီဗာပူးလ်အတွက် စိန်ခေါ်သူဖြစ်လာနိုင်ကြောင်း ကလော့ပ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 16 October 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းမှာ မိမိတို့အတွက် စိန်ခေါ်သူဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

အဲဗာတန်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၄)ပွဲကစား (၄)ပွဲစလုံး အနိုင်ရထားပြီး ရမှတ် (၁၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေသည်။

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းမှာမူ ယခုရာသီ ပရီးမီးယားလိဂ် (၄)ပွဲကစားရာတွင် (၃) ပွဲအနိုင်ရထားသော်လည်း ဗီလာအသင်းကို (၂-၇)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။

လီဗာပူးလ်အသင်းသည် အောက်တိုဘာ (၁၇)ရက်(စနေနေ့)တွင် အဲဗာတန်အသင်းကို အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ပြီး အဲဗာတန်မှာ တောင့်တင်းသည့်အသင်းတစ်သင်းဖြစ်ကြောင်း ကလော့ပ်က ဆိုခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က "အန်ဆယ်လော့တီကို လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော နည်းပြတစ်ဦးအနေနဲ့ပါ ကျွန်တော် လေးစားမှုအပြည့် ရှိပါတယ်။ အဲဗာတန်အသင်းကို သူ ကိုင်တွယ်မယ်လို့ ကြားတော့ အဲဗာတန်အသင်းက ငါတို့ကို စိန်ခေါ်နိုင်တဲ့ ပြိုင်ဘက်ကောင်း ဖြစ်လာတော့မယ်လို့ ကျွန်တော် တွေးမိပါတယ်။ ပြီးတော့ အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာလည်း အတော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ လိုအပ်တဲ့ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီး အသင်းက အတော်လေးတိုးတက်လာပါတယ်။ အဲဒီကစားသမားတွေနဲ့ အန်ဆယ်လော့တီ ပေါင်းလိုက်တဲ့အခါ တကယ်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်လာပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က ကယ်လ်ဗတ်လူဝင်၊ ရစ်ချာလီဆန်နှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ ဦးဆောင်သည့် အဲဗာတန်အသင်း၏ တိုက်စစ်မှာ ထိန်းချုပ်ရန် ခက်ခဲကြောင်းနှင့် စနေနေ့ကစားမည့် ပွဲစဉ်မှာ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent