မက်ဂွိုင်းရားအား အနားပေးရန် ဆိုးလ်ရှားကို ဖာဒီနန် တိုက်တွန်း 

မက်ဂွိုင်းရားအား အနားပေးရန် ဆိုးလ်ရှားကို ဖာဒီနန် တိုက်တွန်း 
Photos: Getty Images
Photos: Getty Images
Published 16 October 2020

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အသင်းနည်းပြ ဆိုးလ်ရှားအနေဖြင့် လက်ရှိအခြေအနေတွင် နောက်ခံလူ မက်ဂွိုင်းရားကို အနည်းငယ်အနားပေးသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် ကွင်းအတွင်း ခြေစွမ်းကျဆင်းမှုများကြောင့် ပရိသတ်များ၏ ဝေဖန်လှောင်ပြောင်မှုနှင့် ရင်ဆိုင်နေရသလို၊ ကွင်းပြင်ပတွင်လည်း ဂရိရဲများနှင့် ပြဿနာဖြစ်ပွားမှုကြောင့် ဆိုင်းငံထောင်ဒဏ် (၂၁)လ ချမှတ်ခံထားရသူ ဖြစ်သည်။ 

မက်ဂွိုင်းရားအနေဖြင့် ယင်းကဲ့သို့ ကွင်းတွင်း၊ ကွင်းပြင် ပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းကို အသုံးမပြုဘဲ အနားပေးထားခြင်းမှာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဖာဒီနန်က သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

ဖာဒီနန်က "ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရပြီး ကစားသမားတစ်ဦးအနေနဲ့ အနားယူဖို့ လိုအပ်ပါတယ်။ ဆိုးလ်ရှားဟာ မက်ဂွိုင်းရားကို အရေးကြီးတဲ့ တာဝန်တွေ ပေးအပ်ထားပါတယ်။ ဒါပေမဲ့ ဒီလိုအနေအထားမှာတော့ သူ့အနေနဲ့ မက်ဂွိုင်းရားကို နည်းနည်းဖြစ်ဖြစ် အနားပေးပြီး သူ့ရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်သင့်ပါတယ်။ ကျွန်တော်တုန်းက ခက်ခဲတဲ့ကာလမှာ နည်းပြက ကျွန်တော့်ကို အနားပေးခဲ့ပြီး အဲဒါက အတော်လေးအကူအညီဖြစ်ခဲ့ပါတယ်။ မက်ဂွိုင်းရားအနေနဲ့ ဒီလိုအခြေအနေမှာ အနားယူဖို့ လိုအပ်နေပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားနေပြီး (၃)ပွဲကစားပြီးချိန်တွင် (၁)ပွဲသာ အနိုင်ရထားပြီး (၂)ပွဲရှုံးနိမ့်ထားကာ ရမှတ်(၃)မှတ်သာ ရရှိထားသလို၊ ခံစစ်ပိုင်းကလည်း ယင်း(၃)ပွဲတွင် (၁၁)ဂိုးအထိ ပေးထားရသည်။

 

Most Read

Most Recent