■ နာမည်ကြီး အင်္ဂလန်ရဲ့ထိုက်တန်တဲ့နိုင်ပွဲ

■ နာမည်ကြီး အင်္ဂလန်ရဲ့ထိုက်တန်တဲ့နိုင်ပွဲ
Published 12 October 2020

အင်္ဂလန် ၂-၁ ဘယ်လ်ဂျီယံ

အင်္ဂလန်က ကမ္ဘာ့အဆင့် ထိပ်ဆုံးမှာ ရပ် တည်နေတဲ့ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုးအရှုံးအနေအထားကနေ နိုင်ပွဲပြန်ရအောင်ယူခဲ့ပါတယ်။ ဘယ်လ်ဂျီယံက လူကာကူကို ဒိုင်ယာ ဖျက်ထုတ်ပုံကြမ်းလို့ရတဲ့ ပယ်နယ်တီကနေ လူကာကူပဲ သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး အင်္ဂလန်ကတော့ ရပ်ရှ်ဖို့ဒ်ရဲ့ ပယ်နယ်တီနဲ့ ပြန်လည်ချေပခဲ့ တယ်။ အနိုုင်ဂိုးကတော့ မေဆန်မောင့်ရဲ့ကန်ချက်က အယ်လ်ဒါဝီရယ်လ်နဲ့ထိပြီး ဂိုးဝင်ခဲ့လို့ ရရှိခဲ့တာဖြစ်တယ်။

အင်္ဂလန်အသင်းရဲ့ ပွဲအစကစားပုံက တော်တော်လေးအားနည်းပြီး ပျင်းစရာပါ။ ဘယ်လ်ဂျီယံက ပွဲကို ထိန်းချုပ်ခဲ့ပြီး တိုက်စစ်ဆင်ကစားခဲ့တယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဘယ်လ်ဂျီယံထက် အင်္ဂလန်ပိုကောင်းခဲ့တယ်။ ဘောလုံးကို ကိုင်ကစားနိုင်ခဲ့သလို၊ ဘယ်လ်ဂျီယံခံစစ်ကိုလည်း ခြိမ်းခြောက်နိုင်ခဲ့တယ်။ အနိုင်ဂိုးကိုပါ ရရှိခဲ့ခြင်း ဖြစ်တယ်။ ဒီပွဲမှာ လူကာကူက သူ့ရဲ့ အရည်အသွေးကို သက်သေပြနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်ကို ဦးဆောင်ကစားခဲ့တာတွေ့ရတယ်။ ပြီးတော့ သူသွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ကလည်း သူ့နိုင်ငံအသင်းအတွက် (၅၃)ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ချီးကျူးစရာဖြစ်တယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟာဇက်၊ မာတင်စ်တို့လို ကစား သမားတွေ မပါဝင်ခဲ့လို့ အားနည်းမှုတွေရှိပေမယ့်  လူကာကူ ကောင်းကောင်းအလုပ်လုပ်ခဲ့ပြီး အင်္ဂလန်ခံစစ်က ဒိုင်ယာ၊ မက်ဂွိုင်းရားတို့ အလုပ်ရှုပ်ခဲ့တယ်။

အင်္ဂလန်အသင်းအတွက် ပုံစံကောင်းပြခဲ့သူတွေက ဟန်ဒါဆန်၊ ဝေါ်လ်ကာ၊ အာနိုးလ်တို့ ဖြစ်ပြီး ဒုတိယပိုင်းမှာ အင်္ဂလန်အသင်းရဲ့Tempo တက်လာခဲ့တာက ဒီကစားသမားတွေရဲ့ မောင်းနှင်အားကြောင့်လို့လည်း ဆိုနိုင်တယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် အင်္ဂလန်အသင်းရဲ့ နိုင်ပွဲက ထိုက်တန်ပြီး ဘယ်လ်ဂျီယံကတော့ သူတို့ ပြသနေကျဖြစ်တဲ့ Form မျိုးမပြနိုင်ခဲ့ဘူးပဲ ပြောရမယ်။ အဖွင့်ဂိုးကို ပွဲချိန် (၁၆)မိနစ်မှာ ပယ်နယ်တီကနေ လူကာကူက သွင်းခဲ့ပြီး အင်္ဂလန်အတွက် ချေပဂိုးကို (၃၉)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ကပယ်နယ်တီကနေ ပြန်သွင်းပါတယ်။ မေဆန်မောင့်ရဲ့အနိုင်ဂိုးကတော့ ပွဲချိန် (၆၄)မိနစ်မှာ သွင်းယူခဲ့တာပါ။

 

Most Read

Most Recent