မိမိကစားသမားများကို အလိုရှိ၍ တရားဝင်ကမ်းလှမ်းပါက ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကိုင်းအသင်းနည်းပြချုပ် ဦးဇော်လင်းထွန်း ပြောကြား

မိမိကစားသမားများကို အလိုရှိ၍ တရားဝင်ကမ်းလှမ်းပါက ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကိုင်းအသင်းနည်းပြချုပ် ဦးဇော်လင်းထွန်း ပြောကြား
Photo: EMG
Photo: EMG
Published 11 October 2020

"ကျွန်တော်တို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ အသုံးပြုခဲ့တဲ့ ကစားသမားတွေထဲက ၁၀ ဦးကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။ ကျန်တဲ့ကစားသမားတွေကိုတော့ အခြေအနေအပေါ်မူတည်ပြီး စာချုပ်ချုပ်ဆို သွားမှာပါ။ ကျွန်တော်တို့အသင်းမှာ စာချုပ်ရှိတဲ့ကစားသမားတွေကို တခြားအသင်းတွေက အလိုရှိတယ်ဆိုရင် တရားဝင်ကမ်းလှမ်းလို့ ရပါတယ်။ တရားဝင်ကမ်းလှမ်းမယ်ဆိုရင် ကျွန်တော့်ဘက်က ဆွေးနွေးပေးဖို့ အဆင်သင့်ရှိပါတယ်" ဟု ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။

 

စစ်ကိုင်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးဇော်လင်းထွန်းက မိမိကစားသမားများကို အလိုရှိ၍ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ပါက ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ကိုင်းအသင်းသည် ပြီးခဲ့သည့် ၂၀၂၀ ဘောလုံးရာသီ မကုန်ဆုံးခင်မှာပင် အဓိက ကစားသမား ၁၀ ဦးကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ကျန်ရှိသည့်ကစားသမားများ ကို ၂၀၂၁ ဘောလုံးရာသီစတင်မည့်အပေါ် မူတည်၍ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။ 

"ကျွန်တော်တို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ အသုံးပြုခဲ့တဲ့ ကစားသမားတွေထဲက ၁၀ ဦးကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။ ကျန်တဲ့ကစားသမားတွေကိုတော့ အခြေအနေအပေါ်မူတည်ပြီး စာချုပ်ချုပ်ဆို သွားမှာပါ။ ကျွန်တော်တို့အသင်းမှာ စာချုပ်ရှိတဲ့ကစားသမားတွေကို တခြားအသင်းတွေက အလိုရှိတယ်ဆိုရင် တရားဝင်ကမ်းလှမ်းလို့ ရပါတယ်။ တရားဝင်ကမ်းလှမ်းမယ်ဆိုရင် ကျွန်တော့်ဘက်က ဆွေးနွေးပေးဖို့ အဆင်သင့်ရှိပါတယ်" ဟု ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။

စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ပြီးခဲ့သည့်ရာသီက ပါဝင်ကစားခဲ့သည့် ကစားသမားအားလုံးမှာ စက်တင်ဘာလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး ယင်းကစားသမားများအနက် အသင်းခေါင်းဆောင် တိုးဆက်နိုင်အပါအဝင် ကျော်စွာမင်း၊ ဇွန်မိုးအောင်၊ အေဇင်မှူး၊ ထက်ဇော်ထွန်း၊ ပျော်ဒူအောင်၊ မျိုးမင်းဖြိုး၊ ဖုန်းသူနိုင်၊ ကောင်းထက်ကျော်နှင့် ချစ်စိုးပိုင်တို့ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ၂၀၁၈ ရာသီတွင် MNL သို့ တန်းတက်ခွင့်ရခဲ့ပြီး ၂၀၂၀ ရာသီတွင် ကိုရို နာဗိုင်းရပ်စ်အခြေအနေအရ အသင်းပိုင်ရှင် ၏ ငွေကြေးလည်ပတ်မှု အခက်အခဲကြောင့် အုပ်ချုပ်/နည်းပြများနှင့် ကစားသမားအားလုံး ရာသီကုန်အထိ လစာလျှော့ယူခဲ့သည်။ 

စစ်ကိုင်းယူနိုက်တက်အသင်းသည် MNL သို့ တန်းတက်ခွင့်ရကတည်းက နာမည်ကြီး ကစားသမားများ ခေါ်ယူခြင်းမရှိဘဲ မျက်နှာသစ်ကစားသမားများကိုသာ နေရာပေး၍ အသုံးပြုခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် အမာခံကစားသမားများကို ကာလရှည် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသောကြောင့် ပြီးခဲ့ သည့်ရာသီအစတွင် အသင်းခေါင်းဆောင် အောင်လှိုင်ဝင်းနှင့် နောက်ခံလူ သန့်ဇင်ဝင်း တို့ကို လက်လွှတ်ခဲ့ရသည်။ ထို့ကြောင့် စစ်ကိုင်း အသင်းသည် ၂၀၂၀ ရာသီကုန်တွင် အဓိက ကစားသမားများ မဆုံးရှုံးစေရန် ကစားသမား ၁၀ ဦးကို သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent