ပြင်သစ်အိုးပင်းဗိုလ်လုပွဲတွင် မြေစေးကွင်းဘုရင် နဒါးလ်နှင့် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ထိပ်တိုက်တွေ့ဆုံ

ပြင်သစ်အိုးပင်းဗိုလ်လုပွဲတွင် မြေစေးကွင်းဘုရင် နဒါးလ်နှင့် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ထိပ်တိုက်တွေ့ဆုံ
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 11 October 2020

ဂရင်းစလင်း ချန်ပီယံဆု ၁၇ ကြိမ်ရရှိထားသည့် ဂျိုကိုဗစ် (၃၃ နှစ်) သည် ပြင်သစ်အိုးပင်း ဗိုလ်လုပွဲသို့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နှင့် စုစုပေါင်း ငါးကြိမ်မြောက် တက်ရောက်ခွင့်ရ ခြင်းဖြစ်သည်။ လက်ရှိချန်ပီယံဖြစ်သည့် နဒါးလ် (၃၄ နှစ်) မှာမူ ဗိုလ်လုပွဲသို့ လေးကြိမ်ဆက်တိုက်နှင့် ၁၃ ကြိမ်မြောက် တက်ရောက် နိုင်ခြင်းဖြစ်သလို ဗိုလ်လုပွဲရောက်ရှိသည့် ၁၂ ကြိမ်စလုံး ချန်ပီယံဆုရရှိထားသည့် ပြိုင်ပွဲ၏ အအောင်မြင်ဆုံးကစားသမားဖြစ်သည်။

၂၀၂၀ ပြင်သစ်အိုးပင်း ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လု ပွဲတွင် မြေစေးကွင်းဘုရင် ရာဖေးလ်နဒါးလ် နှင့် ကမ္ဘာ့အဆင့် ၁ ကစားသမား ဂျိုကိုဗစ်တို့ ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

သောကြာနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ၀ါရင့်စပိန်ကစားသမား နဒါးလ် (ဆီဒင် ၂) က အာဂျင်တီးနားကစားသမား ရှဝက်ဇ်မန်း (ဆီဒင် ၁၂) ကို ၆-၃၊ ၆-၃၊ ၇-၆ (၇-၀) ဖြင့် အခက်အခဲ မရှိဘဲ သုံးပွဲပြတ်အနိုင်ရသော်လည်း ဆားဘီးယားကစားသမား ဂျိုကိုဗစ် (ဆီဒင် ၁) မှာမူ ဂရိလူငယ်ကစားသမား ဆစ်ဆီပက်စ် (ဆီဒင် ၅) နှင့် ငါးပွဲအပြည့် ယှဉ်ပြိုင်ခဲ့ရပြီး ၆-၃၊ ၆-၂၊ ၅-၇၊ ၄-၆၊ ၆-၁ ဖြင့် အနိုင်ရခဲ့သည်။ ဂျိုကိုဗစ်သည် ပွဲငယ်နှစ်ပွဲဆက်တိုက် အနိုင်ရ သည့်အပြင် တတိယပွဲတွင်လည်း Match Point အထိရရှိပြီးမှ ပြန်လည်ရှုံးနိမ့်ခဲ့သလို စတုတ္ထပွဲတွင်လည်း ရှုံးပွဲကြုံတွေ့သဖြင့် ငါးပွဲ အထိ ကစားခဲ့ရခြင်းဖြစ်သည်။ 

ဂရင်းစလင်း ချန်ပီယံဆု ၁၇ ကြိမ်ရရှိထားသည့် ဂျိုကိုဗစ် (၃၃ နှစ်) သည် ပြင်သစ်အိုးပင်း ဗိုလ်လုပွဲသို့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နှင့် စုစုပေါင်း ငါးကြိမ်မြောက် တက်ရောက်ခွင့်ရ ခြင်းဖြစ်သည်။ လက်ရှိချန်ပီယံဖြစ်သည့် နဒါးလ် (၃၄ နှစ်) မှာမူ ဗိုလ်လုပွဲသို့ လေးကြိမ်ဆက်တိုက်နှင့် ၁၃ ကြိမ်မြောက် တက်ရောက် နိုင်ခြင်းဖြစ်သလို ဗိုလ်လုပွဲရောက်ရှိသည့် ၁၂ ကြိမ်စလုံး ချန်ပီယံဆုရရှိထားသည့် ပြိုင်ပွဲ၏ အအောင်မြင်ဆုံးကစားသမားဖြစ်သည်။

နဒါးလ်နှင့် ဂျိုကိုဗစ်သည် ယခုပြိုင်ပွဲအပါအဝင် ပြိုင်ပွဲစုံတွင် ၅၆ ပွဲမြောက်တွေ့ဆုံ ခြင်းဖြစ်ပြီး ယခင် ၅၅ ကြိမ်တွင် ဂျိုကိုဗစ်က ၂၉ ပွဲနှင့် နဒါးလ်က ၂၆ ပွဲ အနိုင်ရထားသည်။ မြေစေးကွင်းပြိုင်ပွဲများ၌ ထိပ်တိုက်တွေ့ဆုံမှု တွင်မူ နဒါးလ်က အပြတ်အသတ်အသာရထားပြီး ၂၄ ပွဲတွင် ၁၇ ပွဲအထိ အနိုင်ရထားသည်။ ထို့ပြင် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်လုပွဲ နှစ်ကြိမ်အပါအဝင် ခုနစ်ပွဲတွင် နဒါးလ်က ခြောက်ပွဲအထိ အနိုင်ရထားသည်။ 

သို့သော် ပြင်သစ်အိုးပင်းပြိုင်ပွဲ၌ နဒါးလ်ရှုံးနိမ့်ဖူးသည့် ပြိုင်ဘက် နှစ်ဦးတည်းသာရှိပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဂျိုကိုဗစ်ဖြစ်ကာ နောက်ဆုံးတွေ့ ဆုံသည့် ၂၀၁၅ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ နဒါးလ်အနေဖြင့် ချန်ပီယံဆု ထပ်မံရယူနိုင်ပါက ရော်ဂျာဖက်ဒါရာ၏ ဂရင်းစလင်းအောင်မြင်မှုအများဆုံး အကြိမ် ၂၀ စံချိန်ကို အမီလိုက်နိုင်မည်ဖြစ်သည်။ ဗိုလ်လု ပွဲကို ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ တွင် ကျင်းပမည်ဖြစ်သည်။