အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခွင့်မရခဲ့သော်လည်း စိတ်မပျက်ကြောင်း အာဝါ ဆို

အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခွင့်မရခဲ့သော်လည်း စိတ်မပျက်ကြောင်း အာဝါ ဆို
Photos: Getty Images
Photos: Getty Images
Published 9 October 2020

လိုင်ယွန်ကွင်းလယ်လူ အာဝါက မိမိအနေဖြင့် နွေရာသီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့ခွင့် မရခဲ့သော်လည်း စိတ်မပျက်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ အာဝါအား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လိုင်ယွန်အသင်းက အကြိမ်ကြိမ်ပယ်ချခဲ့သည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းသည် အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် အက်သလက်တီကိုအသင်းမှ ဂါနာကွင်းလယ်လူ ပါတေးအား စာချုပ်လျော်ကြေး ယူရိုသန်း (၅၀) ပေးချေကာ ခေါ်ယူခဲ့သည်။ 

သို့သော် အာဝါက လိုင်ယွန်မှာ မိမိချစ်မြတ်နိုးသည့်အသင်းဖြစ်သည့်အတွက် အာဆင်နယ်သို့ ပြောင်းရွှေ့ခွင့်မရခဲ့ခြင်းကို စိတ်မပျက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အာဝါက "အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခွင့်မရလို့ ကျွန်တော် စိတ်မပျက်ပါဘူး။ လိုင်ယွန်ဟာ ကျွန်တော့်ရဲ့ အိမ်ဖြစ်ပြီး ဒီအသင်းကို ကျွန်တော် ချစ်ပါတယ်။ ဒီမှာ ကျွန်တော့်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီရာသီမှာ လိုင်ယွန်အသင်းကို ပြင်သစ်လီဂူးမှာ ထိပ်ဆုံးက ရပ်တည်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် အာဝါအား ခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း ၎င်းအား ခေါ်ယူရန် လာမည့်အပြောင်းအရွှေ့စျေးကွက်များတွင် ဆက်လက်ကြိုးပမ်းသွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent