အာဆင်နယ်အသင်း ထုတ်ပယ်လိုက် သည့် ဒိုင်နိုဆောလာဘ်ကောင်အရုပ်ကို ဆီဗီလာအသင်းက ခေါ်ယူခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားနေရသဖြင့် လာဘ်ကောင်ရုပ် Gunnersaurus အဖြစ် ၂၇ နှစ်ကြာ ဆောင်ရွက်လာသည့် ဂျယ်ရီကေးကို အနား ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းကြေညာချက်ကြောင့် အာဆင်နယ်အသင်းပရိသတ်များ ဒေါသထွက်နေစဉ် နာရီပိုင်းအကြာမှာပင် ဆီဗီလာအသင်းက အပြောင်းအရွှေ့နောက်ဆုံးရက် ခေါ်ယူမှုအဖြစ် ၎င်းကိုခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဂျယ်ရီကေးသည် ၁၉၉၃ ခုနှစ်ကတည်းက ဒိုင်နိုဆောလာဘ်ကောင်ရုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး အသင်း၏ပွဲနှင့်တိုက်နေသဖြင့် အစ်ကိုဖြစ်သူ၏ မင်္ဂလာပွဲကိုပါ လွဲချော်ခဲ့ဖူးကြောင်းသိရသည်။















