မွေးနေ့ပါတီပွဲပြုလုပ်ခဲ့သည့် အေဘရာဟမ်၊ ချီဝဲလ်နှင့် ဆန်ချိုတို့သုံးဦး ဝေးလ်စ်နှင့်ခြေစမ်းပွဲကို လွဲချော်ဖွယ်ရှိ

မွေးနေ့ပါတီပွဲပြုလုပ်ခဲ့သည့် အေဘရာဟမ်၊ ချီဝဲလ်နှင့် ဆန်ချိုတို့သုံးဦး ဝေးလ်စ်နှင့်ခြေစမ်းပွဲကို လွဲချော်ဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 7 October 2020

ယင်းဖြစ်ရပ် အတွက် သုံးဦးစလုံးက ပြန်လည်တောင်းပန်ခဲ့သော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စိန့်ဂျော့ချ်ပတ်ခ်လေ့ကျင့်ရေးကွင်း သို့ လာရောက်ပူးပေါင်းမှုကို တားမြစ်ထားကြောင်း သိရသည်။ ကျန်ကစားသမားများမှာ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနေပြီဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းတို့အား ပူးပေါင်းမှုမလုပ်သေးရန် FA ကတားမြစ်ထားခြင်းဖြစ်သည်။

စည်းမျဉ်းချိုးဖောက်၍ မွေးနေ့ပါတီပွဲ ပြုလုပ်ခဲ့သည့် အင်္ဂလန်လက်ရွေးစင်ကစားသမား အေဘရာဟမ်၊ ချီဝဲလ်နှင့် ဆန်ချိုတို့ သုံးဦးသည် ဝေးလ်စ်အသင်းနှင့်ကစားမည့် ခြေစမ်းပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်စနေနေ့ကပြုလုပ်သည့် ချယ်လ်ဆီးအသင်းတိုက်စစ်မှူး အေဘရာဟမ်၏ ၂၃ နှစ်ပြည့် မွေးနေ့ပါတီပွဲသို့ အသင်းဖော် ဘယ်နောက်ခံလူ ချီဝဲလ်နှင့် ဒေါ့မွန်အသင်းတောင်ပံကစားသမား ဆန်ချိုတို့ တက်ရောက်ခဲ့ကြပြီး မိသားစုနှင့် မိတ်ဆွေများအပါအဝင် လူ ၂၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ အင်္ဂလန်နိုင်ငံ ၏ COVID-19 ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အရ လူခြောက်ဦးထက်ပို၍ စုဝေးခွင့်မရှိသေးရာ ၎င်းတို့အနေဖြင့် စည်း မျဉ်းချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်ရပ် အတွက် သုံးဦးစလုံးက ပြန်လည်တောင်းပန်ခဲ့သော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စိန့်ဂျော့ချ်ပတ်ခ်လေ့ကျင့်ရေးကွင်း သို့ လာရောက်ပူးပေါင်းမှုကို တားမြစ်ထားကြောင်း သိရသည်။ ကျန်ကစားသမားများမှာ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနေပြီဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းတို့အား ပူးပေါင်းမှုမလုပ်သေးရန် FA ကတားမြစ်ထားခြင်းဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ စည်းမျဉ်းအရ ပွဲမကစားမီ ၄၈ နာရီအလို တွင် COVID-19 စစ်ဆေးမှုပြုလုပ်ရန် လို အပ်ရာ ၎င်းတို့သုံးဦးအနေဖြင့် ကြာသပတေးနေ့ကစားမည့် ဝေးလ်စ်အသင်းနှင့် ခြေစမ်းပွဲကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။ အင်္ဂလန်အသင်း၏ လူစာရင်းမှ မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင် ဒဏ်ရာကြောင့် နုတ်ထွက်သွားပြီး ချယ်လ်ဆီးအသင်း နောက်ခံလူ ရီးစ်ဂျိမ်းစ် ရွေးချယ်ခံခဲ့ရသည်။

Most Read

Most Recent