FA ဖလားတစ်လုံးအား ပေါင်(၃)သိန်းခန့် အမြတ်ဖြင့် ဝက်စ်ဟမ်းအသင်းပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဒေးဗစ်ဂိုးလ် ရောင်းချ

FA ဖလားတစ်လုံးအား ပေါင်(၃)သိန်းခန့် အမြတ်ဖြင့် ဝက်စ်ဟမ်းအသင်းပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဒေးဗစ်ဂိုးလ် ရောင်းချ
Photos : Getty Images
Photos : Getty Images
Published 4 October 2020

ဝက်စ်ဟမ်းအသင်းပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဒေးဗစ်ဂိုးလ်သည် သူပိုင်ဆိုင်သော FA ဖလားတစ်လုံးအား လေလံပွဲတစ်ခုတွင်ရောင်းချခဲ့ရာ ပေါင် (၃)သိန်းခန့်အမြတ်ထွက်ခဲ့ကြောင်း သိရှိရသည်။ 

၁၈၉၆ နှင့် ၁၉၁၀  ခုနှစ်အကြားက ချန်ပီယံအသင်းတစ်သင်းသင်းအား ချီးမြှင့်ခဲ့သော ယင်း FA ဖလားကို ၂၀၀၅ ခုနှစ်တွင် ဒေးဗစ်ဂိုးလ်က ပေါင် (၄၇၈၀၀၀)ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ယခုပြန်လည်ရောင်းချခဲ့ရာတွင် ပေါင်(၇၆၀၀၀၀)ရရှိခဲ့ကြောင်း သိရသည်။ 

ယင်းဖလားပြုလုပ်ခဲ့ရာတွင် မူရင်းကုန်ကျစရိတ်မှာ (၂၅)ပေါင်ခန့်သာ ကျသင့်နိုင်ပြီး အမည်မဖော်လိုသူတစ်ဦးက လန်ဒန်မြို့ရှိလေလံပွဲတွင် ဝယ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent