နည်းပြ ဂွါဒီယိုလာလက်ထက် နောက်ခံလူများခေါ်ယူမှုအတွက် မန်စီးတီးအသင်း၏အသုံးစရိတ်စုစုပေါင်း ပေါင်သန်း ၄၁၀ အထိရှိလာ

နည်းပြ ဂွါဒီယိုလာလက်ထက် နောက်ခံလူများခေါ်ယူမှုအတွက် မန်စီးတီးအသင်း၏အသုံးစရိတ်စုစုပေါင်း ပေါင်သန်း ၄၁၀ အထိရှိလာ
Photos : Ruben Dias, Manchester City Facebook
Photos : Ruben Dias, Manchester City Facebook
Published 29 September 2020

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာလက်ထက် နောက်ခံလူများခေါ်ယူမှုအတွက် အသုံးစရိတ်စုစုပေါင်းမှာ ပေါင်သန်း ၄၁၀ အထိရှိလာခဲ့ကြောင်း သိရသည်။

ပေါ်တူဂီလက်ရွေးစင်နောက်ခံလူ ရူဘင်ဒီယက်စ်ကို မန်စီးတီးအသင်းထံ ပေါင် ၆၅ သန်းဖြင့်ရောင်းချရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဘင်ဖီကာအသင်းက တနင်္ဂနွေနေ့ညပိုင်းတွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် မန်စီးတီးအသင်း ခံစစ်ပိုင်းအတွက် အသုံးပြုခဲ့ရမှုမှာ ပေါင် သန်း ၄၀၀ ကျော် ရှိလာခဲ့ခြင်းဖြစ်သည်။

ဘင်ဖီကာအသင်း၏ ထုတ်ပြန်ချက်အရ မန်စီးတီးအသင်းသည် အသက် ၂၃ နှစ်အရွယ်ကစားသမား ဒီယက်စ်အတွက် ကနဦးပြောင်းရွှေ့ ကြေး ပေါင် ၆၂ သန်း (ယူရို ၆၈ သန်း) နှင့် Add-ons ကြေး ပေါင်သုံးသန်း (ယူရို ၃ ဒသမ ၆ သန်း) ပေးချေရမည်ဖြစ်ပြီး အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အာဂျင်တီးနားနောက်ခံလူ အော်တာမန်ဒီ (၃၂ နှစ်)က ဘင်ဖီကာအသင်းသို့ ပေါင် ၁၃ ဒသမ ၇ သန်း (ယူရို ၁၅ သန်း) ဖြင့် ပြောင်းရွှေ့ကစားမည်ဖြစ်သည်။ 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ အနားယူသွားပြီးကတည်းက ညာခြမ်းခံစစ်အတွင်းလူတစ်ဦးခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဒီယက်စ်၏ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ 

ဒီယက်စ်နှင့် အော်တာမန်ဒီသည် အသင်းသစ်များသို့ ပြောင်းရွှေ့ရန်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိရန်သာ လိုအပ်တော့ပြီး ဒီယက်စ်အနေဖြင့် ငါးနှစ်စာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။ 

ဒီယက်စ်သည် ဘင်ဖီကာအကယ်ဒမီကစားသမားတစ်ဦးဖြစ်ပြီး လေးရာသီအတွင်း ၁၃၃ ပွဲကစား ၁၂ ဂိုးသွင်းယူထားသလို ပေါ်တူဂီအသင်းအတွက်လည်း ၁၉ ပွဲ ကစားခွင့်ရထားသည်။

၎င်းမှာ မန်စီးတီးအသင်းအား ဂွါဒီယိုလာကိုင်တွယ်သည့် ငါးရာသီအတွင်း ကိုးဦးမြောက် နောက်ခံလူခေါ်ယူမှုဖြစ်ပြီး နောက်ခံလူများအတွက် ကုန်ကျစရိတ်စုစုပေါင်းမှာ ပေါင်သန်း ၄၁၀ အထိရှိလာကြောင်း သိရသည်။ 

ယခုနွေရာသီတွင် နာသန်အကီကို ပေါင် ၄၁ သန်းဖြင့်ခေါ်ယူထားသောကြောင့် အဲရစ်ဂါစီယာကို ဘာစီလိုနာသို့ ပြန်လည်ရောင်းချရန် နီးစပ်နေသည်။

■ ဂွါဒီယိုလာလက်ထက် မန်စီးတီးအသင်းခေါ်ယူခဲ့သည့် နောက်ခံလူစာရင်း

အမည်        နိုင်ငံ        ယခင်ကလပ်    ပြောင်းရွှေ့ကြေး

ရူဘင်ဒီယက်စ်    ပေါ်တူဂီ        ဘင်ဖီကာ        ၆၅ သန်း

ကန်ဆယ်လို    ပေါ်တူဂီ        ဂျူဗင်တပ်စ်    ၅၈.၅ သန်း

လာပေါ့တ်        ပြင်သစ်        ဘီလ်ဘာအို    ၅၈.၅ သန်း

မန်ဒီ        ပြင်သစ်        မိုနာကို        ၅၂ သန်း

ဂျွန်စတုန်းစ်    အင်္ဂလန်        အဲဗာတန်        ၅၀ သန်း

ဝေါ်လ်ကာ        အင်္ဂလန်        စပါး        ၄၇ သန်း

နာသန်အကီ    နယ်သာလန်    ဘုန်းမောက်    ၄၁ သန်း

ဒန်နီလို        ဘရာဇီးလ်        ရီးယဲလ်မက်ဒရစ်    ၂၇ သန်း

အန်ဟယ်လီနို    စပိန်    PSV    ၁၁ သန်း

Most Read

Most Recent