အယ်လ်ဗာရက်ဇ်ကို အချိန်ပေးရမည်ဟု ဆီမြွန်နီ ဆို

အယ်လ်ဗာရက်ဇ်ကို အချိန်ပေးရမည်ဟု ဆီမြွန်နီ ဆို
Photo: CentreGoals
Photo: CentreGoals
Published 19 September 2024

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်အား အသင်းတွင် အသားကျရန် အချိန်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် (၂၄ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကမှ မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၉၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၎င်းသည် အက်သလက်တီကိုအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး လာလီဂါ (၅) ပွဲတွင် (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။

ဆီမြွန်နီက ''အယ်လ်ဗာရက်ဇ်က အရမ်းကြိုးစားတဲ့ ကောင်လေးပါ။ သူက ကျွန်တော်တို့အသင်းအတွက် အရေးကြီးတဲ့သူဖြစ်လာမှာ သေချာပါတယ်။ သူ့အနေနဲ့ အနားယူချိန်နည်းပါးခဲ့သလို အသင်းနဲ့ပူးပေါင်းတာ သိပ်မကြာသေးပါဘူူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အချိန်ပေးဖို့လိုသလို သူ့ကို ကူညီပေးရမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent