■ စပိန်လာလီဂါပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

■ စပိန်လာလီဂါပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်
Photos : jornadaperfecta.com, estadiodeportivo.com
Photos : jornadaperfecta.com, estadiodeportivo.com
Published 29 September 2020

ဆိုစီဒက် - ဗလင်စီယာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၉ ရက် ည ၁၁း၃၀ နာရီ)

ဗလင်စီယာကတော့ အဝေးကွင်း သိပ်အားရစရာမရှိလှဘူးဆိုတာ ဆယ်လ်တာဗီဂိုကိုရှုံးတဲ့ပွဲမှာ မြင်ထားရတယ်။ အထူးသဖြင့် ဗလင်စီယာရဲ့ခံစစ်ကစားပုံက စိတ်ချလို့ရတဲ့အဆင့် မရှိသေးဘူး။ ဆိုစီဒက်ကလည်း ဒဏ်ရာပြဿနာတွေကြားမှာ ရုန်းနေရပြီး တိုက်စစ်က အားရစရာမရှိလှသေးဘူး။ နောက်ပြီး အစဉ်အလာအရလည်း ဗလင်စီယာနဲ့တွေ့တိုင်း ရုန်းကန်ရလေ့ရှိတယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဂီတာဖေး - ဘက်တစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက် နံနက် ၂းဝ၀ နာရီ)

ဘက်တစ်ကတော့ နည်းပြ ပယ်လီဂရီနီနဲ့ တစ်ပွဲပြီးတစ်ပွဲ ပိုပိုပြီးအသားကျလာနိုင်တယ်။ အထူးသဖြင့် ခံစစ်ပိုင်းပြောင်းလဲတိုးတက်လာမှုက ဂီတာဖေးလိုအသင်းနဲ့ရင်ဆိုင်ရာမှာ ဘက်တစ်အတွက် ယုံကြည်မှုပိုရှိလာစေနိုင်တယ်။ ဂီတာဖေးကလည်း ပြီးခဲ့တဲ့ရာသီ ပန်းအဝင်ပိုင်းကစလို့ ခြေစွမ်းအပြောင်းအလဲနည်း နေတယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

Most Read

Most Recent