စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 26 August 2024

ကာဂလီယာရီ နှင့် ကိုမို (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

ကိုမိုက အဝေးကွင်း (၂)ပွဲဆက် ကစားရတာဖြစ်ပြီး အဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ ကာဂလီယာရီက အိ်မ်ကွင်းမာဂုဏ်မြင့်ပါတယ်။ ကိုမိုအသင်း အမြင့်ဆုံးသရေပဲ ရမယ်။ (၂)သင်းပေါင်းသွင်းဂိုး နည်းနိုင်ပါတယ်။

ဗီရိုနာ နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

အဖွင့်ပွဲမှာ (၂)သင်းစလုံး (၃-၀)ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ခဲ့ကြတယ်။ ဂျူဗင်တပ်စ်က နည်းပြသစ် မော့တာနဲ့ အချိန်တိုအတွင်း အသားကျတဲ့ ပုံစံတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်။ ဗလာဟိုဗစ်က သွင်းဂိုးတွေ မရသေးပေမဲ့ တိုက်စစ်အတွက် အရေးပါဆဲပါပဲ။ ဗီရိုနာကတော့ အဖွင့်ပွဲမှာ နာပိုလီကို ချေမှုန်းပြခဲ့တယ်။ ဒါပေမဲ့ တူရင်သားတွေကိုတော့ အဲဒီလိုဆက်လုပ်နိုင်မှာမဟုတ်ဘူး။ ဂျူဗင်တပ်စ် နိုင်ပွဲဆက်မယ်။

ဗီလာရီးယဲလ် နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂းဝ၀ နာရီ)

ရာသီအဖွင့် နှစ်ပွဲဆက်အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဆယ်လ်တာဗီဂိုအသင်းအတွက် ခက်ခဲမယ့်ပွဲပါ။ ဗီလာရီးယဲလ်က အက်သလက်တီကိုကို သရေ၊ ဆီဗီလာကို အနိုင်ကစားထားတဲ့အသင်းဖြစ်ပြီး ရာသီအဖွင့်ပိုင်း ပွဲအကျပ်ဆုံးအသင်းတစ်သင်းရဲ့ ရုန်းအားကို မြင်တွေ့ရမှာပါ။ အိမ်ကွင်းမှာ ဗီလာရီးယဲလ် အနိုင်ရဖို့များပါတယ်။

Most Read

Most Recent