ဟီဂွါအင်၏ မေဂျာလိဂ်ပွဲဦးထွက်တွင် အင်တာမိုင်ယာမီအသင်းရှုံးနိမ့်ခဲ့ပြီး သူ၏ ပယ်နယ်တီလွဲချော်မှုကို လှောင်ပြောင်ခဲ့သူနှင့် ပြဿနာတက်

ဟီဂွါအင်၏ မေဂျာလိဂ်ပွဲဦးထွက်တွင် အင်တာမိုင်ယာမီအသင်းရှုံးနိမ့်ခဲ့ပြီး သူ၏ ပယ်နယ်တီလွဲချော်မှုကို လှောင်ပြောင်ခဲ့သူနှင့် ပြဿနာတက်
Photo: AFP
Photo: AFP
Published 29 September 2020

အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး ဟီဂွါအင်သည် မေဂျာလိဂ်ပွဲဦး ထွက်ပွဲစဉ်တွင် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရပြီး ယင်းပွဲတွင် သူ၏ ပယ်နယ်တီလွဲချော်မှုကို လှောင်ပြောင်ခဲ့သူနှင့် ပြဿနာဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းက စာချုပ်ဖျက်သိမ်းပေးခဲ့ပြီးနောက် ဟီဂွါအင်သည် ဒေးဗစ်ဘက်ခမ်ပိုင်ဆိုင်ထားသည့် အင်တာမိုင်ယာမီအသင်းတွင် ကစားခဲ့ပြီး ဖီလာဒဲလ်ဖီးယားယူနီယံအသင်းနှင့် ပွဲစဉ်တွင် ပထမဆုံးပွဲ ထွက်ကစားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယင်းပွဲတွင် အင်တာမိုင်ယာမီအသင်းသည် (ဝ-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဟီဂွါအင်သည် ပွဲချိန် (၃၃)မိနစ်တွင်ရရှိခဲ့သည့် ပယ်နယ်တီကိုလည်း ဝင်အောင် မကန်သွင်းနိုင်ခဲ့ချေ။

သူ၏ ပယ်နယ်တီကန်ချက်မှာ ဂိုးဘားတန်းပေါ်မှ ကျော်ထွက်သွားခဲ့ပြီးနောက် ပြိုင်ဘက်အသင်းနောက်ခံလူဖြစ်သည့် ဂျာကော့ဂလက်စ်နက်စ်က သူ၏ရှေ့တွင် လာရောက်လှောင်ပြောင်ပြီး အောင်ပွဲခံခဲ့ရာ ဟီဂွါအင်သည် ဒေါသထွက်ခဲ့ရာမှ ၎င်းတို့နှစ်ဦးအကြား ပြဿနာတက်ခဲ့ကြောင်းလည်း သိရှိရသည်။

မိုင်ယာမီအသင်း၏ နည်းပြဖြစ်သူ ဒီယေဂိုအလွန်ဆိုကမူ "သူ့ရဲ့ ကစားပုံကို ကျေနပ်ပါတယ်။ ပြီးတော့ သူဟာ ပုံစံကောင်းမှာ ရှိနေသေးတယ် ဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယုတ္တိကျကျစဉ်းစားရင် သူ့အတွက် အချိန်လိုအပ်နေပြီး အထိုင်ကျသွားတာနဲ့ သူပိုပြီး သက်သောင့်သက်သာဖြစ်လာပါလိမ့်မယ်။ ကစားပုံပို ကောင်းလာပါလိမ့်မယ်" ဟုပြောကြားခဲ့သည်။

Most Read

Most Recent