ဂျာမန်တိုက်စစ်မှူး ဒရက်ဇ်လာနှင့် ဆီနီဂေါကွင်းလယ်ခံစစ်ကစားသမား ဂေးယီတို့ကို ရောင်းချ ပြီး ဝင်ငွေရှာဖွေရန် PSG စီစဉ်

ဂျာမန်တိုက်စစ်မှူး ဒရက်ဇ်လာနှင့် ဆီနီဂေါကွင်းလယ်ခံစစ်ကစားသမား ဂေးယီတို့ကို ရောင်းချ ပြီး ဝင်ငွေရှာဖွေရန် PSG စီစဉ်
Photos : Getty Images
Photos : Getty Images
Published 9 September 2020

PSG အသင်းသည် ယင်းကစားသမားနှစ်ဦးကို ရောင်းချခြင်းမှ ပေါင် (၅၄)သန်းဝန်းကျင်ရရှိရန် မျှော်လင့်ထားပြီး ၂၀၂၀-၂၁ ရာသီ၌ အသင်း၏ ဝင်ငွေ၊ ထွက်ငွေ ခြားနားချက်လျော့ကျစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် ဂျာမန်တိုက်စစ်မှူး ဒရက်ဇ်လာနှင့် ဆီနီဂေါကွင်းလယ်ခံစစ်ကစားသမား ဂေးယီတို့ကို ရောင်းချပြီး ဝင်ငွေရှာဖွေရန် စီစဉ်နေကြောင်း သိရသည်။ 

PSG အသင်းသည် ယင်းကစားသမားနှစ်ဦးကို ရောင်းချခြင်းမှ ပေါင် (၅၄)သန်းဝန်းကျင်ရရှိရန် မျှော်လင့်ထားပြီး ၂၀၂၀-၂၁ ရာသီ၌ အသင်း၏ ဝင်ငွေ၊ ထွက်ငွေ ခြားနားချက်လျော့ကျစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် ၂၀၂၀-၂၁ ရာသီတွင်လည်း ကွင်းပိတ်ကစားခြင်းဖြင့်သာ ဖြတ်သန်းခဲ့ရပါက ဝင်ငွေ ပေါင်သန်း(၉၀) နီးပါး ဆုံးရှုံးနိုင်ပြီး ယင်းအတွက် ကာမိစေရန် ကစားသမားနှစ်ဦးကို ရောင်းထုတ်ရန်စီစဉ်နေခြင်း ဖြစ်သည်ဟု L'Equipe သတင်းစာက ဖော်ပြခဲ့သည်။ 

ဒရက်ဇ်လာသည် PSG အသင်းတွင် စာချုပ်သက်တမ်းကုန်သည်အထိ ဆက်ရှိလိုသော်လည်း နည်းပြ သောမတ်စ်တူဟယ်လ်က ၎င်း၏ အနာဂတ်စီမံကိန်းတွင် မပါဝင်ဟု ပြောကြားခဲ့သလို၊ ဂျာမန်လက်ရွေးစင်အသင်းနည်းပြ ယော် ကင်လိုးကလည်း အသင်းပြောင်းရွှေ့ရန် အကြံပေးထားကြောင်း သိရသည်။

Most Read

Most Recent