မိမိိတို့အသင်းမှာ အသင်းကြီးတစ်သင်းဖြစ်ကြောင်း သက်သေပြခဲ့ဟု ဟံသာဝတီနည်းပြချုပ် ဆို

မိမိိတို့အသင်းမှာ အသင်းကြီးတစ်သင်းဖြစ်ကြောင်း သက်သေပြခဲ့ဟု ဟံသာဝတီနည်းပြချုပ် ဆို
Photos : Myanmar National League Facebook
Photos : Myanmar National League Facebook
Published 8 September 2020

ရှမ်းယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားခဲ့သောပွဲစဉ်တွင် မိမိတို့အသင်းအနေဖြင့် အသင်းကြီးတစ်သင်းဖြစ်ကြောင်း သက်သေပြခဲ့ဟု ဟံသာဝတီယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ယခုပွဲစဉ်ကို ပုံစံကောင်းပြသနိုင်ခဲ့ပြီး တစ်ယောက်လျော့အနေအထားဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ရှမ်းယူနိုက်တက်အသင်းသည် အချိန်ဆွဲခြင်းများပြုလုပ်ခဲ့ကြောင်း ဦးမျိုးမင်းထွန်းက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ရှမ်းယူနိုက်တက်အသင်း အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပိုကောင်းတာက ကျွန်တော်တို့အသင်း ဖြစ်နေတယ်။ ကျွန်တော်တို့အသင်းက ဒီနေ့မှာ အသင်းကြီးတစ်သင်းစတိုင်နဲ့ ကစားခဲ့တယ်။ ရှမ်းယူနိုက်တက်အသင်းက ကျွန်တော် တို့ကို (၁၀)ယောက်၊ (၁၁) ယောက်နဲ့ ကစားနေရတဲ့အချိန်မှာ အချိန်ဆွဲပြီးကစားတယ်။ ကျွန်တော်တို့ရဲ့ဟံသာဝတီအသင်းအတွက် ဂုဏ်ယူစရာကောင်းပါတယ်။ ရှမ်းယူနိုက်တက်က (၁၀)ယောက်၊ (၁၁) ယောက်ကစား ပြီး ကျွန်တော်တို့အသင်းကို အချိန်ဆွဲကစားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဟံသာဝတီအသင်းဟာ အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတာကို ဒီနေ့ပွဲက သက်သေပြခဲ့ပါတယ်''ဟု ဦးမျိုးမင်းထွန်းက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ထို့ပြင် ကွင်လယ်ဒိုင်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မိမိအနေဖြင့် မှတ်ချက်ပေးမည်မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent