ဥရောပ၌ လက်ရှိကစားနေသည့် ကစားသမားထဲတွင် ဒုတိယမြောက်သစ္စာအရှိဆုံးကစားသမားအဖြစ် မက်ဆီ ရပ်တည်

ဥရောပ၌ လက်ရှိကစားနေသည့် ကစားသမားထဲတွင် ဒုတိယမြောက်သစ္စာအရှိဆုံးကစားသမားအဖြစ် မက်ဆီ ရပ်တည်
Published 28 August 2020

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းမှထွက်ခွာရန် စီစဉ်နေသော်လည်း ဥရောပ၌ လက်ရှိကစားနေသည့် ကစားသမားများထဲတွင် ဒုတိယမြောက်သစ္စာအရှိဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း Transfer Markt  က ဖော်ပြခဲ့သည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်းအတွက် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာတွင် စတင်ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက် (၁၆)နှစ်ကျော်ကာလအတွင်း ပြိုင်ပွဲစုံ ပွဲ (၇၃၀)တွင် (၆၃၄)ဂိုး သွင်းယူထားသည်။ 

Transfer Markt သည် ဥရောပထိပ်တန်းလိဂ်(၁၀)ခု၌ လက်ရှိကစားနေသည့် ကစားသမားများထဲတွင် ကလပ်အသင်းတစ်သင်းတည်း၌ သစ္စာရှိစွာကစားခဲ့ကြသည့် ကစားသမားများကို လေ့လာဆန်းစစ်ကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

မက်ဆီသည် ယင်းစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေပြီး ပထမနေရာတွင် CSKA မော်စကိုအသင်းမှ ရုရှားဂိုးသမား အကင်ဖီဗ်က ရပ်တည်နေသည်။ 

အကင်ဖီဗ်သည် CSKA မော်စကိုအသင်းတွင် (၁၇)နှစ်၊ (၇)လ၊ (၂၅)ရက်ကြာ ကစားထားပြီး ဥရောပထိပ်တန်းလိဂ်(၁၀)ခု၌ လက်ရှိကစားနေသည့် ကစားသမားများထဲတွင် အသင်းတစ်သင်းတည်း၌ သစ္စာအရှိဆုံး ကစားသမားအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ 

မက်ဆီသည် ဘာစီလိုနာအသင်းတွင် (၁၆)နှစ်၊ (၇)လနှင့် (၂၅)ရက်ကြာကစားထားပြီး ဝက်စ်ဟမ်းကွင်းလယ်လူ နိုဘယ်လ်နှင့်အတူ ဒုတိယမြောက် သစ္စာအရှိဆုံးကစားသမားအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ 

■ ဥရောပထိပ်တန်းလိဂ် (၁၀)ခု၌ လက်ရှိကစားနေသည့် ကစားသမားများထဲတွင် ကလပ်အသင်းတစ်သင်းတည်း၌ အကြာဆုံးကစားထားသူ (၅)ဦး

အကင်ဖီဗ်(CKSA မော်စကို) - ၁၇ နှစ်၊ ၇ လ၊ ၂၅ ရက်

မက်ဆီ(ဘာစီလိုနာ) - ၁၆ နှစ်၊ ၇ လ၊ ၂၅ ရက်

နိုဘယ်လ်(ဝက်စ်ဟမ်း) - ၁၆ နှစ်၊ ၇ လ၊ ၂၅ ရက်

အယ်လ်ဗာရက်ဇ်(ဆယ်လ်တာဗီဂို) - ၁၆ နှစ်၊ ၁ လ၊ ၂၆ ရက်

အိုရီယာ (အိုဆာဆူနာ) - ၁၅ နှစ်၊ ၁ လ၊ ၂၆ ရက်

Most Read

Most Recent