AA အဖွဲ့ကို မဖိတ်ကြားသဖြင့် စိတ်မကောင်းဖြစ်မိပြီး ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း ‘၀’ ဦးဆောင်သည့် FPNCC အဖွဲ့ ထုတ်ပြန်

AA အဖွဲ့ကို မဖိတ်ကြားသဖြင့် စိတ်မကောင်းဖြစ်မိပြီး ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း ‘၀’ ဦးဆောင်သည့် FPNCC အဖွဲ့ ထုတ်ပြန်
Published 13 August 2020

AA အဖွဲ့ကို မဖိတ်ကြားသဖြင့် စိတ်မကောင်းဖြစ်မိပြီး ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း ‘၀’ ဦးဆောင်သည့် FPNCC အဖွဲ့က သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည်။

'ဝ' ဦးဆောင်သည့် ​FPNCC အဖွဲ့တွင် TNLA၊ AA၊ MNDAA၊ KIA၊ SSPP/SSA၊ မိုင်းလားအဖွဲ့များ ပါဝင်ပြီး သြဂုတ် ၁၃ ရက်တွင် ဝ ပြည်နယ် ပန်ဆန်းမြို့တွင် အစည်းအဝေး ကျင်းပပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အချက်လေးချက် ပါဝင်သည့် ကြေညာချက်တွင် မိမိတို့ အဖွဲ့ဝင်များကို ပင်လုံညီလာခံဖွင့်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ AA အဖွဲ့အား ဖိတ်ကြားခြင်း မရှိသည့်အတွက် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း၊ ကိုဗစ်ကာလတွင် ရောဂါထိန်းချုပ်ရေး ကာလအတွင်း အသွားအလာများ စီစဉ်ရာတွင် အခက်အခဲများ ရှိခြင်းမှာ ညီလာခံ မတက်ရောက်နိုင်သည့် အဓိက အခက်အခဲ ဖြစ်သည်ဟု အစရှိသည်တို့ကို ရေးသားဖော်ပြထားသည်။

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော AA အဖွဲ့မှလွဲ၍ အပစ်ရပ်စာချုပ် NCA စာချုပ် လက်မှတ် ရေးထိုးထားခြင်း မရှိသော မြောက်ပိုင်းမဟာမိတ် အဖွဲ့များကို ၂၁ ပင်လုံ ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

FPNCC အဖွဲ့၏ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Most Read

Most Recent