အစိုးရနှင့် EAO နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့အကြား ဆွေးနွေးရန် မပြီးပြတ်သေးသည့်ကိစ္စများနှင့်JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများ ညှိနှိုင်းမည့် အကြိုအစည်းအဝေး နေပြည်တော်၌ပြုလုပ်

အစိုးရနှင့် EAO နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့အကြား ဆွေးနွေးရန် မပြီးပြတ်သေးသည့်ကိစ္စများနှင့်JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများ ညှိနှိုင်းမည့် အကြိုအစည်းအဝေး နေပြည်တော်၌ပြုလုပ်
သြဂုတ် ၁၀ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် JICM အကြိုအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)
သြဂုတ် ၁၀ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် JICM အကြိုအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)
Published 10 August 2020
နေရိုင်း၊ အောင်မင်းသိန်း၊ ဇေယျာထွန်း

အစိုးရနှင့် EAO နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့အကြား ဆွေးနွေးရန်မပြီးပြတ်သေးသည့် ကိစ္စများနှင့်  JICM အကြိုညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းရေးဗဟိုဌာန (NRPC) ၌ သြဂုတ် ၁၀ ရက်မှ စတင်ပြု လုပ်လျက်ရှိသည်။

သြဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်တာ ပြုလုပ်မည့် JICM အကြို ညှိနှိုင်း အစည်းအဝေးသည် သြဂုတ် ၁၃ ရက်တွင် ပြုလုပ်ရန်လျာထားသတ်မှတ်ထားသည့် ကိုးကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အောက်ခြေ၌ ဆွေးနွေးရန် မပြီးပြတ်သည့်ကိစ္စများ နှင့် လမ်းညွှန်ချက်များကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်ပိုင်း ခေါင်းဆောင် များတက်ရောက်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအ စည်းအဝေး (JICM)တွင် ဆုံးဖြတ်ချမှတ်ခြင်း ဖြစ်သည်။

“၂၀၂၀ အလွန် နှစ်အလိုက် ရှေ့လုပ် ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည် ဖော်မှုအတွက် ဆွေးနွေးမယ့် ခေါင်းစဉ်ကြီး ရှစ်ခုကို သဘောတူထားပြီးတော့ အသေးစိတ် ခေါင်းစဉ်တွေကို ဒီကနေ့အစည်းအဝေးမှာ ဆက်လက်ညှိနှိုင်းမှာဖြစ်ပါတယ်။ ဒီမိုကရေ စီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင် စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူအနေနဲ့ နှစ်ချက် သဘောတူညီထားပြီး ဖြစ်ပါတယ်။ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိနေတဲ့ နှစ်ဖက်အဆိုပြုချက်တွေကို ဒီကနေ့ အစည်းအဝေးမှာ အပြီးသတ်ညှိနှိုင်းကြမှာ ဖြစ်ပြီး သြဂုတ် ၁၃ ရက်မှာ ကျင်းပမယ့် ကိုးကြိမ်မြောက် JICM အစည်းအဝေးမှာ အတည်ပြုမှာဖြစ်ပါတယ်” ဟု  JICM ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ယခုအစည်းအဝေးသည် လာမယ့်ညီလာခံအတွက် အလုပ်အဖွဲ့များ၏ နောက်ဆုံးညှိ နှိုင်းဆွေးနွေးခြင်းဖြစ်သောကြောင့် စိတ်ရှည်ကြရန်လိုကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အပြန်အလှန်နား လည်မှုများနှင့် အားလုံးလက်ခံနိုင်သည့် အခင်းအကျင်းမျိုး ပေါ်ထွက်အောင်လည်း ဦးတည်ဆွေးနွေးပေးကြရန် ၎င်းကပြောကြားသည်။

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “NCA ကို အခြေခံပြီး ရှေ့ကိုဆက်လျှောက်လှမ်းရာမှာ အားလုံးသဘောတူချ မှတ်တဲ့လုပ်ငန်းစဉ်တွေ ရရှိဖို့ကို ကျွန်တော် တို့အကြားမှာ အကျေအလည် ဆွေးနွေးညှိ နှိုင်းနေကြတာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုဟာ မကြာခင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၃)အဖြစ် မှတ်ကျောက်တင်နိုင်မှာဖြစ်ပြီး ဒီသဘောတူ စာချုပ်ပါအချက်တွေဟာ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးခရီးကို ကျွန်တော်တို့တွေ ဆက် လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြဖို့ပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရန် လုပ်ဆောင်ခြင်း၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့်အစီအစဉ်များ၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ နှင့် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ် များနှင့် အဆင့်လိုက်အကောင်အထည်ဖော် မှုများ၊ ဖက်ဒရယ်အခြေခံမူများပါဝင်သည့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁  ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အ ပိုင်း(၃)ချုပ်ဆိုနိုင်ရေး၊ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး အောင်မြင်စွာကျင်းပရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် EAO များ ပိုမို ပါဝင်လာရေး စသည့်အကြောင်းအရာများကို အကောင်အထည်ဖော်ရန် နှစ်ဖက်ခေါင်းဆောင်များက နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ကို တာဝန်ပေးအပ်ခဲ့ပြီး နှစ်ဖက်အဖွဲ့များကလည်း ညှိနှိုင်းအစည်းအဝေးများ စဉ်ဆက် မပြတ်ဆောင်ရွက်လာခဲ့သည်မှာ မျှတသည့် ရလဒ်ကောင်းများရရှိခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်ညှိ နှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး(၂)ဗိုလ်မှူးကြီးစိုင်းငင်းက အစည်း အဝေးနှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စု သဘောတူစာချုပ်အ ပိုင်း (၃) တွင် ထည့်သွင်းမည့် နှစ်ဖက်သဘော တူညီချက်များ ရရှိရန်အတွက် သြဂုတ် ၄ ရက်နှင့် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် နှစ်ဖက်အ စည်းအဝေးများတွင် ညှိနှိုင်းခဲ့ရာ၌ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက် ၁၄ချက် ရရှိထားပြီးဖြစ် ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြော ကြားသည်။

“ဒီ JICM အကြိုညှိနှိုင်းအစည်းအဝေး မှာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ညှိနှိုင်းလို့ မပြီးပြတ်သေးတဲ့ အကြောင်းအရာတွေကို ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်သ လို ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း (၃)ကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအ ဝေးဆိုင်ရာကိစ္စရပ်များနဲ့ ကိုးကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများ ကို ဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူး ကြီးစိုင်းငင်းက ပြောကြားသည်။

JICM အကြို ညှိနှိုင်းအစည်းအဝေး သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အ ရေးပါသကဲ့သို့ ပြည်ထောင်စုသား ပြည်သူလူ ထုတစ်ရပ်လုံးအတွက် အရေးကြီးသည့် အ စည်းအဝေးဖြစ်ပြီး JICM အစည်းအဝေး ကျင်းပရန် ကောင်းမွန်သည့် ပြင်ဆင်မှုများ၊ အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းဆောင် ရွက်ပေးကြရန်လည်း ၎င်းင်းက ဆိုသည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက် တာ ကျင်းပမည်ဖြစ်သည့်အတွက် ယင်းအ စည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းမည့်အချက်များရရှိရန် ဆွေးနွေး ညှိနှိုင်းမှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ် သည်။

 

Most Read

Most Recent