ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲပြီဖြစ်ကြောင်း တောင်ပံကစားသမား ဝီလီယံ အတည်ပြု

ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲပြီဖြစ်ကြောင်း တောင်ပံကစားသမား ဝီလီယံ အတည်ပြု
Published 10 August 2020

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံက အသင်းနှင့် သူ လမ်းခွဲပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းတွင် (၇)နှစ်ကြာကစားခဲ့သူ ဝီလီယံ (၃၂ နှစ်)သည် အသင်းနှင့် (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန်ဆန္ဒရှိနေပြီး၊ အသင်းတာဝန်ရှိသူများက (၂)နှစ်စာချုပ်ဖြင့်သာ ကမ်းလှမ်းခဲ့ခြင်းကြောင့် စာချုပ်သစ်မချုပ်ဆိုဘဲ အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ဝီလီယံက သူ၏ Instagramတွင် ပရိသတ်များထံသို့ အိတ်ဖွင့်ပေးစာရေးသားကာ သူ၏လမ်းခွဲမှုကို အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ဝီလီယံသည် ချယ်လ်ဆီးအသင်း၏ လန်ဒန် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းသို့ တစ်ပတ်လစာ ပေါင်(၁)သိန်းဖြင့် ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

သြဂုတ်လ(၉)ရက်က အသက်(၃၂)နှစ်ပြည့်ခဲ့သည့် ဝီလီယံမှာ ၂၀၁၃ ခုနှစ် နွေရာသီက ရှက်တာဒိုးနက်အသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းတွင် (၇)နှစ်ကြာ ကစားခဲ့သည်။

ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၃၉)ပွဲ ကစားခဲ့ရာတွင် (၆၃)ဂိုးသွင်းကာ (၆၂)ဂိုး ဖန်တီးပေးခဲ့သည်။

၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ ယူရိုပါလိဂ်၊ FAဖလားနှင့် လိဂ်ဖလား(၁)ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၅-၁၆ ရာသီတွင် အသင်းဖော်များမှရွေးချယ်သည့် အကောင်းဆုံးကစားသမားဆုနှင့် ပရိသတ်များမှ ရွေးချယ်သည့် အကောင်းဆုံးကစားသမားဆုများကို ဆွတ်ခူးနိုင်ခဲ့သည်။

 

 

Most Read

Most Recent