ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် ကလပ်အသင်းများ၏ အသုံးအဆောင်ပစ္စည်းများနှင့် ဘတ်စ်ကားကို နေ့စဉ်ပိုးသတ်ဆေးဖျန်းမည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် ကလပ်အသင်းများ၏ အသုံးအဆောင်ပစ္စည်းများနှင့် ဘတ်စ်ကားကို နေ့စဉ်ပိုးသတ်ဆေးဖျန်းမည်
Photos : MNL
Photos : MNL
Published 9 August 2020

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲယှဉ်ပြိုင်မည့် အသင်းများအနက် ရန်ကုန်နှင့် အား/ကာသိပ္ပံအသင်းက ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်မည်ဖြစ်ပြီး ကျန်ရှစ်သင်းမှာမူ မြန်မာနေရှင်နယ်လိဂ်က စီစဉ်ပေးသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အဆောင်တွင် နေထိုင်၍ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် ကလပ်အသင်းများ၏ အသုံးအဆောင်ပစ္စည်းများနှင့် ဘတ်စ်ကားကို နေ့စဉ်ပိုးသတ်ဆေးဖျန်းမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲယှဉ်ပြိုင်မည့် အသင်းများအနက် ရန်ကုန်နှင့် အား/ကာသိပ္ပံအသင်းက ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်မည်ဖြစ်ပြီး ကျန်ရှစ်သင်းမှာမူ မြန်မာနေရှင်နယ်လိဂ်က စီစဉ်ပေးသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အဆောင်တွင် နေထိုင်၍ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများသည် ဇူလိုင် ၁၃ ရက်က ရန်ကုန်အသင်း၏ YUSC ကွင်းနှင့် နားနေဆောင်၊ MNL ပွဲစဉ်များ အဓိကကျင်းပမည့် သုဝဏ္ဏဘောလုံးကွင်း တို့ကို လာရောက်စစ်ဆေးပြီးနောက် ကလပ်အသင်းများနှင့် ဘောလုံးပွဲများတွင် လိုက်နာဆောင်ရွက်ရမည့်အချက် ၄၅ ချက် ပေးပို့ ထားပြီး မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ယင်းအချက်များအား ကလပ်အသင်းအားလုံး လိုက်နာရန်နှင့် လေ့ကျင့်ရေးကွင်း အသုံး အဆောင်ပစ္စည်းများ၊ အသင်းဘတ်စ်ကား များကို နေ့စဉ်ပိုးသတ်ဆေးဖျန်းရန် ဆောင် ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဆေးအဖွဲ့နှင့် ကလပ်အသင်းဆေးအဖွဲ့များ ညှိနှိုင်း၍ နေ့စဉ်ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

"ကလပ်အသင်း တာဝန်ရှိသူတွေရော ဆေးအဖွဲ့နဲ့ပါ ညှိနှိုင်းပြီး တစ်သင်းချင်းစီအလိုက် ဆောင်ရွက်ရမယ့်အရာတွေကို ပြောသွားမှာပါ။ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက် ၄၅ ချက်ကို အားလုံးလိုက်နာဖို့လိုသလို အနေအထိုင်၊ အစားအသောက်ကိုလည်း သေချာဆောင်ရွက်ရမှာပါ။ ပုံမှန်အိပ်ဖို့ လိုသလို အာဟာရဖြစ်အောင် စားသောက်ဖို့လည်း လိုပါတယ်။ အသင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ အသင်းဘတ်စ်ကားကိုလည်း နေ့စဉ်ပိုးသတ်ဆေးဖျန်းသွားမှာပါ"ဟု မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

MFF အဆောင်များတွင် နေထိုင်မည့် ကလပ်အသင်းများအနက် ဟံသာဝတီအသင်း အုပ်ချုပ်မှုအဖွဲသည် သြဂုတ် ၇ ရက်တွင် အဆောင်အခန်းများကို ကြည့်ရှုခဲ့ပြီး အသင်း ရှစ်သင်း နေထိုင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် MNL ပြိုင်ပွဲ ကျင်းပမည့် သုဝဏ္ဏဘောလုံးကွင်းနှင့် YUSC ကွင်းတို့ကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ထားပြီး သက်ဆိုင်ရာထံမှ ခွင့်ပြုချက်ရပါက အဆင်သင့်ကျင်းပနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

Most Read

Most Recent