အူဘာမီယန်းနှင့် အာဆင်နယ် သက်တမ်းတိုးရန် နီးစပ်    

အူဘာမီယန်းနှင့် အာဆင်နယ် သက်တမ်းတိုးရန် နီးစပ်    
Photo: Getty Images
Photo: Getty Images
Published 7 August 2020

အာဆင်နယ်အသင်းသည် အဓိကတိုက်စစ်မှူး အူဘာမီယန်းကို သက်တမ်းတိုးနိုင်ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

    

အာဆင်နယ်အသင်းသည် အူဘာမီယန်း(၃၁ နှစ်)ကို သက်တမ်းတိုးနိုင်ရန် ပြီးခဲ့သည့်နှစ်ကတည်းက ကြိုးပမ်းနေခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဆုံးရှုံးရလုနီးပါး အခြေအနေများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ 

ခေါ်ယူလိုသည့် အသင်းများစွာ ရှိနေခြင်းကြောင့် အူဘာမီယန်းက အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 

သို့သော် FA ဖလား ရယူအပြီးတွင် အာဆင်နယ်အသင်းတာဝန်ရှိသူများက အူဘာမီယန်းကို ထိန်းသိမ်းထားနိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်း အလိုရှိသည့်အတိုင်း တစ်ပတ် ပေါင်(၂၅ဝဝဝဝ)နှုန်းဖြင့် (၃)နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည့်အတွက် အူဘာမီယန်းက လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဗြိတိန်မီဒီယာအချို့က အူဘာမီယန်းသည် ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နှုတ်အားဖြင့် ကတိပေးခဲ့ပြီဖြစ်ပြီး လက်မှတ်ရေးထိုးရန်သာ ကျန်ရှိတော့ကြောင်း၊ မကြာမီ ကြေညာဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent