ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို ထပ်မံပယ်ချခဲ့သည့် ဝီလီယံ အာဆင်နယ်နှင့် ဆွေးနွေးနေ

ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို ထပ်မံပယ်ချခဲ့သည့် ဝီလီယံ အာဆင်နယ်နှင့် ဆွေးနွေးနေ
Photo: Getty Images
Photo: Getty Images
Published 4 August 2020

ချယ်လ်ဆီးအသင်း၏ ဝါရင့်တောင်ပံကစားသမား ဝီလီယံသည် အသင်းမှ (၂)နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ထပ်မံပယ်ချ၍ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနှင့်  ဆွေးနွေးနေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံသည် အနည်းဆုံး(၃)နှစ်သက်တမ်းတိုးရန် တောင်းဆိုခဲ့သော်လည်း ချယ်လ်ဆီးအသင်းက မလိုက်လျောသည့်အတွက် အသင်းပြောင်းရွှေ့ရန် လိုလားနေသူဖြစ်သည်။ 

ယခုအခါ အာဆင်နယ်အသင်းက (၃)နှစ်စာချုပ်ချုပ်ဆိုမည် ဖြစ်သည့်အပြင် ခြေစွမ်းအပေါ်မူတည်၍ (၁)နှစ် သက်တမ်းထပ်တိုးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ဝီလီယံသည် အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေပြီး ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် အနာဂတ်အတွက် ဆုံးဖြတ်ဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

ဝီလီယံသည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၄၇)ပွဲတွင် (၁၁)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent