COVID-19 ရောဂါတစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဖျက်သိမ်းရန် အစိုးရ တိုက်တွန်း

COVID-19 ရောဂါတစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဖျက်သိမ်းရန် အစိုးရ တိုက်တွန်း
Photos : Getty Images
Photos : Getty Images
Published 2 August 2020

ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ စပိန်နိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာပြီး အတည်ပြုလူနာအရေအတွက်မှာ နေ့စဉ် ၂၀၀၀ အထက်ရှိနေသည်။ သောကြာနေ့အထိစာရင်းများအရ စပိန်နိုင်ငံတစ်ဝန်း COVID-19 ရောဂါ အတည်ပြုလူနာ ၃၃၅၆၀၂ ဦးနှင့် သေဆုံးသူ ၂၈၄၄၅ ဦးရှိနေသဖြင့် အစိုးရက မက်ဒရစ်အိုးပင်းပြိုင်ပွဲ ဖျက်သိမ်းရန် ထောက်ခံအကြံပြုခြင်းဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားနေသည့်အခြေအနေကြောင့် မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ဖျက်သိမ်းရန် အစိုးရက တိုက်တွန်းထားကြောင်း သိရသည်။

မာစတာ ၁၀၀၀ စီးရီးပွဲစဉ်တစ်ခုဖြစ်သည့် မက်ဒရစ်အိုးပင်း မြေစေးကွင်းတင်းနစ်ပြိုင်ပွဲကို မူလက မေလအတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စက်တင်ဘာသို့ ရွှေ့ဆိုင်းထားရသည်။ 

သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ စပိန်နိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာပြီး အတည်ပြုလူနာအရေအတွက်မှာ နေ့စဉ် ၂၀၀၀ အထက်ရှိနေသည်။ သောကြာနေ့အထိစာရင်းများအရ စပိန်နိုင်ငံတစ်ဝန်း COVID-19 ရောဂါ အတည်ပြုလူနာ ၃၃၅၆၀၂ ဦးနှင့် သေဆုံးသူ ၂၈၄၄၅ ဦးရှိနေသဖြင့် အစိုးရက မက်ဒရစ်အိုးပင်းပြိုင်ပွဲ ဖျက်သိမ်းရန် ထောက်ခံအကြံပြုခြင်းဖြစ်ကြောင်း သိရသည်။ 

ပြိုင်ပွဲကျင်းပရေးအဖွဲ့ကလည်း ကစားသမားများ၊ ပရိသတ်များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖျက်သိမ်းခြင်းပြုမပြု ပြန်လည်ဆုံးဖြတ်သွားမည်ဖြစ်သည်။ မက်ဒရစ်အိုးပင်းပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။

COVID-19 ရောဂါ ပြန်လည်ဖြစ်ပွားမှုကြောင့် စပိန်ဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများအပေါ် စိုးရိမ်ပူပန်မှုထွက်ပေါ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent