ဟာဗက်ဇ်အတွက် ကမ်းလှမ်းမှုမရှိသေးကြောင်း လေဗာကူဆင်ဒါရိုက်တာ ဆို

ဟာဗက်ဇ်အတွက် ကမ်းလှမ်းမှုမရှိသေးကြောင်း လေဗာကူဆင်ဒါရိုက်တာ ဆို
Photo: Getty Images
Photo: Getty Images
Published 1 August 2020

လေဗာကူဆင်အသင်း၏ ဒါရိုက်တာဖြစ်သူ ရိုဖတ်စ်က အသင်းကွင်းလယ်လူ ဟာဗက်ဇ်အတွက် တရားဝင်ကမ်းလှမ်းမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။

အသက် (၂၁)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဟာဗက်ဇ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေသူဖြစ်သည်။ 

သို့သော် ရိုဖတ်စ်က ဟာဗက်ဇ်အား ခေါ်ယူရန်စိတ်ဝင်စားနေသည့်အသင်းများ ရှိသော်လည်း လက်ရှိအချိန်အထိ တရားဝင်ကမ်းလှမ်းမှုမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"လက်ရှိအချိန်ထိတော့ ဟာဗက်ဇ်အတွက် ကမ်းလှမ်းမှု မရှိသေးပါဘူး။ ဟာဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများကြီးရှိတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဟာဗက်ဇ်အတွက် တရားဝင်ကမ်းလှမ်းမှု မရှိသေးပါဘူး။ ယခုရာသီကုန်ဆုံးချိန်အထိ အသင်းသားအပြည့်အစုံရှိနေမယ်လို့ ကျွန်တော်တို့ ပြောထားပြီးသားပါ။ အဲဒီထဲမှာ ဟာဗက်ဇ်လည်း ပါဝင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဟာဗက်ဇ်အနေနဲ့ အသင်းအတွက် အာရုံစိုက်ထားပါတယ်"ဟု ရိုဖတ်စ်က ပြောကြားခဲ့သည်။ 

ဟာဗက်ဇ်သည် လေဗာကူဆင်အသင်းအတွက် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ပွဲ (၃၀)ပါဝင်ကစားခဲ့ပြီး (၁၂)ဂိုး သွင်းယူပေးခဲ့သည်။ 

လေဗာကူဆင်အသင်းသည် ၎င်းတို့၏ကွင်းလယ်လူ ဟာဗက်ဇ်အတွက် ပေါင်သန်း (၉၀)အထိ အလိုရှိနေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent