ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လီဂရက်၏ ချီးကျူးမှုအား ဘန်ဇီမာ လှောင်ပြောင်ခဲ့

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လီဂရက်၏ ချီးကျူးမှုအား ဘန်ဇီမာ လှောင်ပြောင်ခဲ့
Photos : Getty Images
Photos : Getty Images
Published 29 July 2020

ဘန်ဇီမာ (၃၁ နှစ်)သည် ရီးယဲလ်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် FFF ဥက္ကဋ္ဌဖြစ်သူ လီဂရက်က "ဘန်ဇီမာ၏ အကောင်းဆုံးရာသီအတွက် ကြိုဆိုကြောင်း" ပြောကြားခဲ့ပြီး RMC Sport က ၎င်းတို့၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာသည် ပြင်သစ်ဘောလုံးအ ဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌ၏ ၎င်းအပေါ် ချီးကျူးမှုအား လှောင်ပြောင်ရယ်မောခဲ့ကြောင်း သိရသည်။ 

ဘန်ဇီမာ (၃၁ နှစ်)သည် ရီးယဲလ်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် FFF ဥက္ကဋ္ဌဖြစ်သူ လီဂရက်က "ဘန်ဇီမာ၏ အကောင်းဆုံးရာသီအတွက် ကြိုဆိုကြောင်း" ပြောကြားခဲ့ပြီး RMC Sport က ၎င်းတို့၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။ 

ယင်းဖော်ပြမှုကို ဘန်ဇီမာက "သူဟာ အတော်ရယ်စရာကောင်းသည်" ဟု Retweet လုပ်ကာ လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ ဘန်ဇီမာသည် ညစ်ညမ်းခွေပြဿနာကြောင့် ၂၀၁၅ ခုနှစ်ကတည်းက ပြင်သစ်လက်ရွေးစင်အသင်းမှ ချန်လှပ်ခံထားရသူဖြစ်သည်။

Most Read

Most Recent