Elite Tour ဒုတိယဇုန်ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရ

Elite Tour ဒုတိယဇုန်ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရ
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 29 July 2020

ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်တွင် တရုတ်ကစားသမား ယူလုံဟိုင်နှင့် တွေ့ဆုံခဲ့ရာ ၁၀-၁၅ ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် Elite Tour 2020 ပြိုင်ပွဲတွင် ရလဒ်မကောင်းသေးဘဲ ဇုန်ပြိုင်ပွဲ နှစ်ခုဆက်တိုက် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရသည်။ 

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပသည့် Elite Tour 2020 ဒုတိယဇုန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။

ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်တွင် တရုတ်ကစားသမား ယူလုံဟိုင်နှင့် တွေ့ဆုံခဲ့ရာ ၁၀-၁၅ ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် Elite Tour 2020 ပြိုင်ပွဲတွင် ရလဒ်မကောင်းသေးဘဲ ဇုန်ပြိုင်ပွဲ နှစ်ခုဆက်တိုက် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရသည်။ 

ထို့ကြောင့် ဘုန်းမြင့်ကျော်သည် နိုဝင်ဘာတွင် ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ရုန်းကန်ရတော့မည်ဖြစ်ပြီး လက်ကျန်ဇုန်ပြိုင်ပွဲနှစ်ခုတွင် ရလဒ်ကောင်းရန် ကြိုးစားရတော့မည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ဒုတိယဇုန်ပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရသောကြောင့် တတိယဇုန်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် လက်ရည်စစ်ပွဲကစားရမည်ဖြစ်သည်။ 

တတိယဇုန်ပြိုင်ပွဲကို သြဂုတ်နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် လက်ရှိတွင် သြဂုတ်ဒုတိယပတ်၌ ကျင်းပမည့် Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ချောင်ရန်မြို့၌ ဆက်လက်နေထိုင်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent