စက်တင်ဘာ (၁၂) တွင် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြန်လည်စတင်မည့်အစီအစဉ်ကို ပြန်စဉ်းစားသင့်ဟု မီဒီယာများ သုံးသပ်

စက်တင်ဘာ (၁၂) တွင် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြန်လည်စတင်မည့်အစီအစဉ်ကို ပြန်စဉ်းစားသင့်ဟု မီဒီယာများ သုံးသပ်
Published 28 July 2020

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စက်တင် ဘာ (၂၁)ရက်နေ့တွင် ပြန်လည်စတင်ရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ခြင်းအား ပြန်လည်စဉ်းစားသင့်သည်ဟု နောက်ဆုံးပြုလုပ်ခဲ့သည့် ကလပ်အသင်းများနှင့် မီဒီယာများ တွေ့ဆုံခဲ့သည့်အစီအစဉ်တွင် မီဒီယာများက အ ကြံပြုတင်ပြခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်မီဒီယာများက ပရီးမီးယားလိဂ်ပြိုင်ပွဲအား အစောဆုံး စက်တင်ဘာလနောက်ဆုံးပတ်အထိစောင့်ပြီးမှ ကျင်းပစေလိုပြီး၊ အဓိကပြဿနာမှာ ဥရောပပြိုင်ပွဲများတွင် အင်္ဂလန်ကလပ်အသင်းများ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ယူရို-၂၀၂၁ ပြိုင်ပွဲနှင့် အချိန်ညှိကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း အင်္ဂလိပ်ကလပ်အသင်းများသာ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့တွင် နောက်ဆုံးဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ခဲ့ပါက နားချိန်အ လုံအလောက်မရဘဲ ပြန်လည်စတင်ရမည့်အခြေအနေကို ထည့်စဉ်းစားသင့်သည်ဟု မီဒီယာများက ယူဆနေသည်။

ထို့ကြောင့် ပြန်လည်စတင်မည့်ရက်ကို ယခုအချိန်တွင် အတိအကျသတ်မှတ်ထားခြင်းထက် ယင်းအသင်းများ၏ ရလဒ်အပေါ်မူတည်ကာ အနည်းဆုံး (၁)လခန့် အနားပေးပြီး မှ ပြန်လည်စတင်သင့်သည်ဟု ဆိုခဲ့သည်။

ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲသည် သြဂုတ်လ (၂၁) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာမူ သြဂုတ်လ (၂၃)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ရာ ချန်ပီယံလိဂ်တွင် ယှဉ်ပြိုင်နေသည့် မန်စီးတီးနှင့် ချယ်လ်ဆီး၊ ယူရိုပါလိဂ်တွင် ယှဉ်ပြိုင်နေသည့် မန်ယူနှင့် ဝုလ်ဗ်အသင်းတို့သည် ဗိုလ်လုပွဲအထိ ကစားရမည်ဆိုလျှင် ပရီးမီးယားလိဂ်ရာသီသစ် ပြန်လည်မစတင်မီ နားရက် (၂)ပတ်ကျော်သာရှိနေသည်။

ယင်းအတွက်ကြောင့် မီဒီယာများက အင်္ဂလိပ်တစ်သင်းသင်းသာ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ခဲ့ပါက လာမည့်ရာသီပရီးမီယားလိဂ်ပြိုင်ပွဲကို စက်တင်ဘာ (၂၁)နှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့ပါက စက်တင်ဘာ (၂၃)မှသာ ကျင်းပသင့်သည်ဟု အကြံပြုခဲ့သည်။

နောက်ထပ်အခက်အခဲတစ်ခုမှာ ဗိုလ်လုပွဲတက်ရုံမကဘဲ ဗိုလ်စွဲခဲ့ပါက UEFA က ဥရောပစူပါဖလားပွဲကို စက်တင်ဘာ (၂၄) တွင် ယှဉ်ပြိုင်ကစားရန်စီစဉ်ထားပြီး ယင်းအတွက်လည်း Plan B ကို စဉ်းစားထားသင့်သည်ဟု ဆိုခဲ့သည်။

 

Most Read

Most Recent