မန်ယူပစ်မှတ် ကွင်းလယ်လူ မတ်ဒီဆန်အား လက်စတာအသင်း (၄)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိ

မန်ယူပစ်မှတ် ကွင်းလယ်လူ မတ်ဒီဆန်အား လက်စတာအသင်း (၄)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိ
Published 28 July 2020

လက်စတာအသင်းသည် စာချုပ်သစ်ချုပ်ဆိုရန် လပေါင်းများစွာကြန့်ကြာနေခဲ့သည့် အသင်း၏အဓိကကွင်းလယ်လူ ဂျိမ်းစ်မတ်ဒီဆန်အား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မတ်ဒီဆန်သည် ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းအပါအဝင် အသင်းကြီးအချို့၏စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်ပြီး နောက်ဆုံးတွင် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မီဒီယာများ၏ ဖော်ပြချက်အရ အသက် (၂၃)နှစ်အရွယ်ရှိ ဂျိမ်းစ်မတ်ဒီဆန်သည် လက်စတာအသင်းနှင့် (၄)နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် (၁၁၀,၀၀၀)အထိ တိုးမြှင့်ရရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းလစာငွေမှာ ကလပ်အသင်း၏ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သည့် ဂျေမီဗာဒီ၏ လစာနှုန်းထားဖြစ်ပြီး ၎င်းနှင့်အတူ အသင်း၏ လစာအများဆုံးရ ကစားသမားဖြစ်လာမည်ဖြစ်သည်။

မတ်ဒီဆန်သည် ၂၀၁၈ ဇွန်လက နောဝစ်ချ်အသင်းမှ လက်စတာအသင်းသို့ ပေါင်သန်း (၂၀)ဖြင့် ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ကလပ်အသင်းအတွက် (၇၆)ပွဲကစားခဲ့ရာတွင် သွင်းဂိုး (၁၆)ဂိုးနှင့် ဂိုးဖန်တီးမှု (၁၀)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။

သူသည် အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာနှင့် အလွန်ကောင်းမွန်သည့်ဆက်ဆံရေးကို ပိုင်ဆိုင်ခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုခြင်းတွင် ရော်ဂျာက အရေးပါခဲ့သည်ဟု သိရှိရသည်။

Most Read

Most Recent