စပိန်မှလာမည့်သူများ Quarantine ၁၄ ရက်နေရမည့် သတ်မှတ်ချက်ကြောင့် မန်စီးတီး-ရီးယဲလ်ပွဲ မရေမရာဖြစ်လာ

စပိန်မှလာမည့်သူများ Quarantine ၁၄ ရက်နေရမည့် သတ်မှတ်ချက်ကြောင့် မန်စီးတီး-ရီးယဲလ်ပွဲ မရေမရာဖြစ်လာ
Photos: AFP
Photos: AFP
Published 26 July 2020

ပြီးခဲ့သည့် ကြာသပတေးနှင့် သောကြာ နေ့တွင် COVID-19 ရောဂါကူးစက်မှု အသစ် ၉၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ဗြိတိန်အစိုးရက ဇူလိုင် ၂၆ ရက်နှင့် နောက်ပိုင်းမှစ၍ စပိန်၊ ကနေရီ ကျွန်း၊ ဘယ်လီယာရစ်ကျွန်းတို့မှ လာရောက် သူများ ၁၄ ရက် သီးခြားခွဲ၍ နေထိုင်ရမည် ဖြစ်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်ထားသည်။ 

စပိန်နိုင်ငံမှ ဗြိတိန်သို့လာရောက်မည့် သူများ Quarantine ၁၄ ရက်နေထိုင်ရမည့် သတ်မှတ်ချက်အသစ်ကြောင့် မန်စီးတီး- ရီးယဲလ်မက်ဒရစ် ချန်ပီယံလိဂ်ပွဲကို မန်ချက်စတာမြို့ရှိ အီတီဟတ်ကွင်း၌ ကျင်းပရန် မရေမရာဖြစ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနှင့် သောကြာ နေ့တွင် COVID-19 ရောဂါကူးစက်မှု အသစ် ၉၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ဗြိတိန်အစိုးရက ဇူလိုင် ၂၆ ရက်နှင့် နောက်ပိုင်းမှစ၍ စပိန်၊ ကနေရီ ကျွန်း၊ ဘယ်လီယာရစ်ကျွန်းတို့မှ လာရောက် သူများ ၁၄ ရက် သီးခြားခွဲ၍ နေထိုင်ရမည် ဖြစ်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်ထားသည်။ 

ဗြိတိန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း " ပြည်သူတွေရဲ့ကျန်းမာရေးကို ကာကွယ်ခြင်းက ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး ဦးစားပေးလုပ်ငန်းပါပဲ။ ဗြိတိန်ဆီ ကူးစက်ပျံ့နှံ့လာနိုင်တဲ့ အလားအလာတွေကို ဟန့်တားနိုင်ဖို့အတွက် ဒီဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။ လိုအပ်လာရင် ဗြိတိန်ရဲ့ Quarantine ကင်းလွတ်ခွင့်စာရင်းကနေ နိုင်ငံတစ်နိုင်ငံကို ချက်ချင်းဖယ်ရှားပစ်နိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးထားပြီးသားပါ" ဟု  ပြောကြားခဲ့သည်။

သို့ဖြစ်ရာ သြဂုတ် ၇ ရက်တွင် ကစားမည့် မန်စီးတီး-ရီးယဲလ်မက်ဒရစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို အီတီဟတ်ကွင်း၌ ကျင်းပခွင့်ရရန် မရေမရာ ဖြစ်လာကြောင်း စပိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။ ဗြိတိန်မီဒီယာများကမူ ယခင်ကြေညာထားသည့် ကင်းလွတ်ခွင့်တွင် အဓိကအားကစားပြိုင်ပွဲများ ပါဝင်သဖြင့် အီတီဟတ်ကွင်း၌ ကျင်းပခွင့်ရနိုင်ကြောင်း ဖော်ပြထားသည်။ အကယ်၍ ကြားကွင်း၌ သွားရောက်ကစားရပါက ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ကျင်းပရဖွယ်ရှိနေသည်။

Most Read

Most Recent