Chinese 8 Ball ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကျန်ယူဘိုတက်ရောက်ပြီး ဘုန်းမြင့်ကျော်-ချူဘင်ဂျီ ဆီမီးပွဲမှ အနိုင်ရသူနှင့် တွေ့ဆုံမည်

Chinese 8 Ball ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကျန်ယူဘိုတက်ရောက်ပြီး ဘုန်းမြင့်ကျော်-ချူဘင်ဂျီ ဆီမီးပွဲမှ အနိုင်ရသူနှင့် တွေ့ဆုံမည်
Photo: Yangshaojie
Photo: Yangshaojie
Published 26 July 2020

အခြားဆီမီးဖိုင် နယ်ပွဲစဉ်ဖြစ်သည့် ဘုန်းမြင့်ကျော် (ခ) အား တီနှင့် ချူဘင်ဂျီတို့၏ပွဲစဉ်ကို သြဂုတ်ဒုတိယ ပတ်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့တက်ရောက်ထားသည့် ကျန်ယူဘိုသည် ယင်းပွဲတွင် အနိုင်ရသူနှင့် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Chinese 8 Ball ပြိုင်ပွဲ ပထမဆီမီးဖိုင် နယ်ပွဲကို ဇူလိုင် ၂၂၊ ၂၃ ရက်က ကျင်းပရာ ကျန်ယူဘိုအနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ဆီမီးဖိုင်နယ် ပွဲစဉ်များကို သုံးရက်ကြာ ယှဉ်ပြိုင်ရခြင်းဖြစ် ပြီး နှစ်ရက်အနိုင်ရပါက ဗိုလ်လုပွဲတက်ရောက်ခွင့်ရမည်ဖြစ်သည်။ ကျန်ယူဘိုသည် ဆီမီးဖိုင်နယ်တွင် ယူဟိုင်ထောင်နှင့်တွေ့ဆုံ ခဲ့ပြီး နှစ်ရက်ဆက်တိုက် အနိုင်ရသောကြောင့် ဇူလိုင် ၂၄ ရက်တွင်ကစားရမည့် နောက်ဆုံးနေ့ ယှဉ်ပြိုင်စရာမလိုဘဲ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ 

ကျန်ယူဘိုသည် ယူဟိုင်ထောင်ကို ဇူလိုင် ၂၂ ရက်က ကစားသည့်ပွဲတွင် ၂၁-၁၁ ပွဲ၊ ဇူလိုင် ၂၃ ရက်က ကစားသည့်ပွဲတွင် ၂၁-၁၉ ပွဲဖြင့် နှစ်ရက် ဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကျန်ယူဘိုသည် ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း Quarantine ဝင်ရသည့်အနေအထားကြောင့် အုပ်စုပွဲများကို နောက်ပိုင်းမှ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ရပြီး ရလဒ်ကောင်းများ ဆက်တိုက်ရရှိကာ အုပ်စုတတိယဖြင့် ဆီမီးဖိုင်နယ်တက် ရောက်လာခြင်းဖြစ်သည်။ အခြားဆီမီးဖိုင် နယ်ပွဲစဉ်ဖြစ်သည့် ဘုန်းမြင့်ကျော် (ခ) အား တီနှင့် ချူဘင်ဂျီတို့၏ပွဲစဉ်ကို သြဂုတ်ဒုတိယ ပတ်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့တက်ရောက်ထားသည့် ကျန်ယူဘိုသည် ယင်းပွဲတွင် အနိုင်ရသူနှင့် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်နှင့် ချူဘင်ဂျီတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်ကို သြဂုတ် ၈၊ ၉၊ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နှစ်ရက်ဆက်တိုက် အနိုင်ရပါက နောက်ဆုံးနေ့ပွဲစဉ် ယှဉ်ပြိုင်စရာမလိုဘဲ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုပွဲစဉ်များတွင် အုပ်စုပထမရကာ ဆီမီးဖိုင်နယ်တက် ရောက်လာခြင်းဖြစ်ပြီး ချူဘင်ဂျီမှာမူ အဆင့် ၄ နေရာသာရခဲ့သောကြောင့် Play-0ff ပွဲစဉ် ကစားခဲ့ရပြီး အနိုင်ရသဖြင့် ဆီမီးဖိုင်နယ် ကစားခွင့်ရခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုပွဲများတွင် ရှုံးပွဲတစ်ပွဲသာကြုံတွေ့ ခဲ့ပြီး ထိုစဉ်က ရှုံးနိမ့်ခဲ့သည့် ချူဘင်ဂျီနှင့် ဆီမီးဖိုင်နယ်တွင် ပြန်လည်ရင်ဆိုင်ရခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုပွဲများတွင် ခြောက်ပွဲဆက်တိုက်အနိုင်ရပြီး နောက်ဆုံးပွဲမှ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကျင်းပရေးအဖွဲ့သည် ဆီမီးဖိုင် နယ်ပွဲစဉ် ကျင်းပမည့်ရက်များသာ ထုတ်ပြန် သေးပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ကျင်းပမည့်ရက်များကို အတည်ပြုထုတ်ပြန် ခြင်းမရှိသေးသော်လည်း သြဂုတ်လအတွင်း ကျင်းပဖွယ်ရှိသည်။ ယခုပြိုင်ပွဲတွင် တစ်ပွဲချင်းအလိုက် အနိုင်ရသည့်ကစားသမားများကို ဆုကြေးချီးမြှင့်လျက်ရှိသလို ပြိုင်ပွဲအပြီး တွင် ပထမမှ စတုတ္ထနေရာအထိရရှိသည့် ကစားသမားများကိုလည်း ဆုကြေးချီးမြှင့် မည်ဖြစ်သည်။ ချန်ပီယံဆုရသည့် ကစား သမားမှာ မြန်မာငွေ ကျပ်သိန်း ၁၀၀၀ နှင့် ညီမျှသည့်ပမာဏ ရရှိမည်ဖြစ်သည်။

Most Read

Most Recent