လော်တာရိုမာတီနက်ဇ်အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေပြီဟု အင်တာမီလန် CEO အတည်ပြု

လော်တာရိုမာတီနက်ဇ်အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေပြီဟု အင်တာမီလန် CEO အတည်ပြု
Photo: Goal.com
Photo: Goal.com
Published 24 July 2020

အင်တာမီလန် CEO ဘက်ပေမာရော့တာက အပြောင်းအရွှေ့သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့သော အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ  လော်တာရိုမာတီနက်ဇ်အား စာချုပ်သစ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဟု အတည်ပြုခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ဘာစီလိုနာအသင်းက ကာလကြာရှည်စိတ်ဝင်စားခဲ့ပြီး ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အင်တာမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် လော်တာရိုမာတီနက်ဇ်၏ စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေသော်လည်း အင်တာမီလန်အသင်းက ၎င်းကို နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

မာရော့တာက "ကျွန်တော်တို့ ကစားသမားများစွာနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေတယ်။ လူငယ်တွေက အဓိကဦးစားပေးဖြစ်ပြီး ဒီအထဲမှာ လော်တာရိုလည်း အပါအဝင်ပါပဲ။ သူက ဒီအသင်းဂျာစီကို ဝတ်ဆင်ရတာ ပျော်ရွှင်နေပါတယ်"ဟု ပြောကြားခဲ့သည်။

လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၄၂)ပွဲတွင် (၁၈) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent