အူဘာမီယန်း စာချုပ်သစ်ချုပ်ဆိုမည်ဟု ယုံကြည်ကြောင်း အာတီတာ ပြောကြား

အူဘာမီယန်း စာချုပ်သစ်ချုပ်ဆိုမည်ဟု ယုံကြည်ကြောင်း အာတီတာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 21 July 2020

အာဆင်နယ်နည်းပြ အာတီတာက အသင်းတိုက်စစ်မှူး အူဘာမီယန်းအနေဖြင့် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းနှင့် ချုပ်ဆိုထားသည့် အူဘာမီယန်း၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလ၌ အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် အာတီတာက အာဆင်နယ်အသင်းမှာ အူဘာမီယန်းအတွက် အကောင်းဆုံးနေရာဖြစ်ပြီး ၎င်းအနေဖြင့် အသင်းတွင် ဆက်ရှိနေလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အာတီတာက "အူဘာမီယန်းကို စာချုပ်သစ်ချုပ်ဆိုမယ့် နေ့ရက်ကို ကျွန်တော် အတည်မပြုနိုင်သေးပါဘူး။ ကျွန်တော်တို့အနေနဲ့ စာချုပ်ကိစ္စအတွက် အူဘာမီယန်းရဲ့အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးနေပြီး အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အာဆင်နယ်အသင်းမှာ အူဘာမီယန်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် အာဆင်နယ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၄၁)ပွဲတွင် (၂၅)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent