ဖိလစ်ပိုင်မှ ပြန်လာသူတစ်ဦးတွင် COVID-19 ရောဂါ တွေ့ရှိပြီး အတည်ပြုလူနာ ၃၁၉ ဦးရှိလာ

ဖိလစ်ပိုင်မှ ပြန်လာသူတစ်ဦးတွင် COVID-19 ရောဂါ တွေ့ရှိပြီး အတည်ပြုလူနာ ၃၁၉ ဦးရှိလာ
Published 9 July 2020

ဖိလစ်ပိုင်မှ ပြန်လာသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသား တစ်ဦးတွင် COVID-19 ရောဂါ တွေ့ရှိပြီး အတည်ပြုလူနာ ၃၁၉ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဇူလိုင် ၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၉ ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၆၃)ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၈၃) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၆၇) ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၆၃) ခု စုစုပေါင်း (၁,၂၇၆)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် တစ်ဦးတွေ့ရှိရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case-210, 224, 277 နှင့် 278) ရှိရသဖြင့် ယနေ့အထိ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း (၂၅၄) ဦးရှိပြီး ၎င်းတို့အနက် (၂၃၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၈ ရက် နေ့လယ် ၁၂ နာရီမှ ဇူလိုင် ၉ ရက် နေ့လယ် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၄၁ ဦး ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent