မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လက်လီ ဆန်အရောင်းဆိုင်များမှတစ်ဆင့် သက်သာသောစျေးဖြင့် ဆန်ရောင်းချပေးမည်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လက်လီ ဆန်အရောင်းဆိုင်များမှတစ်ဆင့် သက်သာသောစျေးဖြင့် ဆန်ရောင်းချပေးမည်
ရန်ကုန်မြို့ ဆန်ပွဲရုံတစ်ခု မြင်ကွင်း
ရန်ကုန်မြို့ ဆန်ပွဲရုံတစ်ခု မြင်ကွင်း
Published 9 July 2020

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လက်လီ ဆန်အရောင်းဆိုင်များမှတစ်ဆင့် သက်သာသော စျေးနှုန်းဖြင့် ဆန်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Coronavirus Disease 2019 (COVID-19) ဖြစ်ပေါ်နေချိန် ကာလအတွင်း ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ဆန်စျေးနှုန်း တည်ငြိမ်ရေး၊ တောင်သူလယ်သမားများ စပါးပေါ်ချိန် ဝင်ငွေမကျဆင်းစေရေးနှင့် ပို့ကုန်လုပ်ငန်း ပုံမှန်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်ပသို့ ဆန်/ဆန်ကွဲများ တင်ပို့သည့် ကုမ္ပဏီများထံမှ နိုင်ငံတော်၏ အရန်ရိက္ခာဆန်အဖြစ် လုံးရှည်/ဧည့်မထ ၂၅ ရာခိုင်နှုန်း (Well Milled & Polished) ဆန်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်၊ မေလဆန်းမှစတင်၍ ဝယ်ယူသိုလှောင် ထားရှိကြောင်း သိရသည်။

ထို့ပြင် ဝယ်ယူထားသော ရိက္ခာဆန်များအား ၁၀၈ ပေါင်တစ်အိတ်လျှင် ကျပ် ၂၂၈၀၀ နှုန်းဖြင့် မှတ်ပုံတင် အဆိုပြုလာသော လက်လီဆိုင်များအား တစ်ကြိမ်လျှင် အိတ်ရေ ၂၀၀ အထိ အများဆုံးထား၍ ရောင်းချပေးရန် စီစဉ်လျက်ရှိပြီး အဆိုပါ လက်လီဆန်ဆိုင်များ အနေဖြင့် ဒေသကိုလိုက်၍ ဆန်တစ်ပြည်လျှင် ကျပ် ၁၀၀၀၊ ၁၀၅၀ ကျပ်၊ ကျပ် ၁၁၀၀ တို့ထက် မပိုစေဘဲ စားသုံးသူ ပြည်သူလူထုထံသို့ ပြန်လည်ရောင်းချပေးရန် ဖြစ်သည်။

ထို့ပြင် စက်မှုဇုန်များရှိ အလုပ်သမား အရေအတွက်များသော စက်ရုံများသို့လည်း အလုပ်သမား မိသားစုများအတွက် ရောင်းချပေးရန်ကို စီစဉ်ဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့ ရောင်းချပေးမှုများအား စနစ်တကျ ဖြစ်စေရန် စီမံဆောင်ရွက် သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနများမှ စစ်ဆေးကြီးကြပ် သွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လက်လီဆန် အရောင်းဆိုင်များမှတစ်ဆင့် သက်သာသော စျေးနှုန်းဖြင့် ဆန်ရောင်းချမည့် လုပ်ငန်းအစီအစဉ်အတွက် ဆန်ဝယ်ယူလိုသော လက်လီဆန် အရောင်းဆိုင်များနှင့် အလုပ်သမားများအတွက် ဝယ်ယူလိုသော စက်ရုံများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဖုန်းနံပါတ် ၀၉-၆၉၄၃၈၆၉၉၄၊ ၀၉-၆၉၄၃၈၆၉၉၅၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း ဖုန်းနံပါတ် ၀၉- ၆၉၄၃၈၆၉၉၆ သို့ ဆက်သွယ် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေး ထုတ်ပြန်ကြေညာထားသည်။

Most Read

Most Recent