ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ခြောက်လအတွင်း ယာဉ်တိုက်မှု ၃၃၉ မှု ဖြစ်ပွားခဲ့ပြီး လူ ၉၀ ကျော်သေဆုံး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ခြောက်လအတွင်း ယာဉ်တိုက်မှု ၃၃၉ မှု ဖြစ်ပွားခဲ့ပြီး လူ ၉၀ ကျော်သေဆုံး
ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကို တွေ့ရစဉ် (ဓာတ်ပုံ-အားမာန် လူငယ်ပရဟိတအသင်း)
ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကို တွေ့ရစဉ် (ဓာတ်ပုံ-အားမာန် လူငယ်ပရဟိတအသင်း)
Published 9 July 2020
အောင်မျိုးသန့်၊ သီဟအောင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ခြောက်လအတွင်း ယာဉ်တိုက်မှု ၃၃၉ မှုဖြစ်ပွားခဲ့ပြီး လူ ၉၀ ကျော် သေဆုံးခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ယာဉ်တိုက်မှုကြောင့်သေဆုံးသူ ၉၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၄၅ ဦးရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၉၇ ဦးတွင် အမျိုးသား ၈၀ ဦး၊ အမျိုးသမီး ၁၇ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူမှာ အမျိုးသား ၂၉၃ ဦး၊ အမျိုးသမီး ၁၅၂ ဦးရှိ ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလတွင် ယာဉ်တိုက်မှုပေါင်း ၂၀၃ မှုရှိခဲ့ပြီး သေဆုံးသူ ၆၂ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၄ မှုရှိပြီး သေဆုံးသူ ၇၃ ဦး၊ မတ်လတွင် ၁၈၀ မှုရှိပြီး သေဆုံးသူ ၅၂ ဦး၊ဧပြီလ တွင် ၁၁၉ မှုရှိပြီး သေဆုံးသူ ၃၇ ဦး၊ မေလ တွင် ၁၅၃ မှုရှိပြီးသေဆုံးသူ ၅၀ ဦး၊ ဇွန်လတွင် ၁၈၆ မှုရှိပြီး သေဆုံးသူ ၄၇ ဦးရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ခြောက်နှစ်တာကာလအတွင်း အပြင်းထန်ဆုံးယာဉ်တိုက်မှုမှာ ဇွန် ၂ ရက် က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုဖြစ်သည်။

ဇွန် ၂ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီး၊ ဆင်မလိုက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုရင့်နောင်လမ်းမကြီးအတိုင်း ကမာ ရွတ်မြို့နယ်ဘက်မှ ဘုရင့်နောင်ဘက်သို့ မောင်းနှင်လာသည့် YBS ၄၀ ခရီးသည်တင် ယာဉ်မှာ သီရိမင်္ဂလာစျေးဘက်မှ ဆင်မလိုက်ဘက်သို့ မောင်းနှင်လာသည့် အငှားယာဉ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YBS ၄၀ ယာဉ်မှ Fielder အမျိုးအစား အငှားယာဉ်အား ဝင်တိုက်မိသဖြင့် အငှားယာဉ်ပေါ်မှ ယာဉ်မောင်းအမျိုးသား၊ နောက်ခန်းတွင် လိုက်ပါစီးနင်းလာသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးမှာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၃၂၄ မှု ဖြစ်ပွားပြီး ၆၇၁ ဦး သေဆုံးကာ ၂၆၆၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၂၀၁၉ ခုနှစ်မှာ နောက်ဆုံးသုံးနှစ်တာ ကာလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အရေအတွက် အများဆုံးဖြစ်ကြောင်း နှစ်အလိုက် ယာဉ်မတော်တဆမှု စာရင်းများအရ သိရသည်။

Most Read

Most Recent