လီဗာပူးလ်အသင်း၏ စိတ်ဓာတ်ပြင်းပြမှုကို မိမိတို့ မယှဉ်နိုင်ခဲ့ကြောင်း ဂွါဒီယိုလာ ဝန်ခံ

လီဗာပူးလ်အသင်း၏ စိတ်ဓာတ်ပြင်းပြမှုကို မိမိတို့ မယှဉ်နိုင်ခဲ့ကြောင်း ဂွါဒီယိုလာ ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 26 June 2020

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း၏ စိတ်ဓာတ်ပြင်းပြမှုကို မယှဉ်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း၏ စိတ်ဓာတ်ပြင်းပြမှုကို မယှဉ်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ 

မနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူးလ်အသင်းသည် ယခုရာသီ ပြီးဆုံးရန် (၇)ပွဲအလိုမှာပင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ 

ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့သည့် လီဗာပူးလ်အသင်းကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက "ကျွန်တော်တို့ အင်္ဂလန်မှာ ပြည်တွင်းဖလား (၈)လုံး ဆက်တိုက်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ လီဗာပူးလ်အသင်းရဲ့ စိတ်ဓာတ်ပြင်းပြမှုကို ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟမှုကို လျော့ချဖို့ ကြိုးစားခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား ရခဲ့တာကြောင့် ဒီရာသီမှာ ယုံကြည်မှု ပိုမြင့်မားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို သူတို့ရဲ့ နောက်ဆုံးပွဲလို ကစားသွားခဲ့တယ်။ ကျွန်တော်တို့ကတော့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ တစ်ရာသီလုံးကို အကောင်းဆုံးကစားသွားတဲ့ လီဗာပူးလ်အသင်းကို ကျွန်တော် ဂုဏ်ပြုပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက မိမိတို့အနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်းကို မယှဉ်နိုင်ခဲ့သော်လည်း ဒုတိယနေရာတွင် ရပ်တည်နေဆဲဖြစ်ပြီး အခြားအသင်းများထက် မိမိတို့အသင်း ပိုကောင်းကြောင်း ပြသနိုင်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent