ဟာဗက်ဇ်နှင့် ချီဝဲလ်ကိုခေါ်ယူရန်အတွက် ကွန်တေအား ရောင်းချမည့်သတင်းများကို လမ်းပတ် ငြင်းဆန်

ဟာဗက်ဇ်နှင့် ချီဝဲလ်ကိုခေါ်ယူရန်အတွက် ကွန်တေအား ရောင်းချမည့်သတင်းများကို လမ်းပတ် ငြင်းဆန်
Photos: Getty Images
Photos: Getty Images
Published 21 June 2020

လေဗာကူဆင်အသင်းမှ ဂျာမနီလူငယ်ကြယ်ပွင့် ဟာဗက်ဇ်နှင့် လက်စတာအသင်းမှ အင်္ဂလန်လက်ရွေးစင် ချီဝဲလ်တို့ကိုလည်း ပစ်မှတ်ထားနေပြီး ၎င်းတို့ကိုခေါ်ယူရန်အတွက် ကွန်တေ၊ မားကို့စ်အလွန်ဆိုတို့အပါအဝင် ကစား သမားအချို့ကို ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် လေဗာကူဆင်အသင်း၏ ကွင်းလယ် ကြယ်ပွင့် ဟာဗက်ဇ်နှင့် လက်စတာအသင်း ဘယ်နောက်ခံလူ ချီဝဲလ်တို့ကို ခေါ်ယူရန် အတွက် ပြင်သစ်ကွင်းလယ်လူ ကွန်တေအား ရောင်းချမည့်သတင်းများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်မှုများစွာပြုလုပ်လျက်ရှိပြီး ဖေဖော်ဝါရီတွင် အေဂျက်စ်တောင်ပံကစားသမား ဇီယာ့ရှ်ကို ပေါင် ၃၆ သန်းဖြင့် ခေါ်ယူ ထားပြီးဖြစ်သလို လိုက်ပ်ဇစ်အသင်းတိုက်စစ် မှူး ဗာနာကိုလည်း စာချုပ်လျော်ကြေး ပေါင် ၅၃ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ 

ထို့ပြင် လေဗာကူဆင်အသင်းမှ ဂျာမနီလူငယ်ကြယ်ပွင့် ဟာဗက်ဇ်နှင့် လက်စတာအသင်းမှ အင်္ဂလန်လက်ရွေးစင် ချီဝဲလ်တို့ကိုလည်း ပစ်မှတ်ထားနေပြီး ၎င်းတို့ကိုခေါ်ယူရန်အတွက် ကွန်တေ၊ မားကို့စ်အလွန်ဆိုတို့အပါအဝင် ကစား သမားအချို့ကို ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့သော် လမ်းပတ်က "အန်ဂိုလိုရဲ့ အနာဂတ် အကြောင်း ပြောနေတာတွေနဲ့ သတင်းတွေကို ကျွန်တော်တွေ့ရပါတယ်။ သူက ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး ဖြစ်တယ်ဆိုတာ ကျွန်တော် အကြိမ်ကြိမ်ပြော ခဲ့ပြီးပါပြီ။ သူနဲ့သာ အတူတွဲကစားခွင့်ရရင် ကျွန်တော်သဘောကျမိမှာပါ။ သူ့ဆီမှာ အရာအားလုံးရှိပါတယ်။ အန်ဂိုလိုကွန်တေ ချယ်လ်ဆီးမှာရှိနေတာကို ကျွန်တော် တကယ်တန်ဖိုးထားပါတယ်။ ဒဏ်ရာတွေကြောင့် ခက်ခဲခဲ့ပေမဲ့ ရှေ့ဆက်သွားမယ့်လမ်းမှာ သူက အရမ်းအရေးကြီးပါတယ်" ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇွန် ၃၀ ရက်တွင် စာချုပ်ကုန်ဆုံးမည့် ၀ါရင့်ကစားသမား ဝီလီယံနှင့် ပတ်ဒရို တို့ကိုလည်း ရာသီကုန်အထိ ကာလတိုစာချုပ် သက်တမ်းတိုးနိုင်မည်ဟု မျှော်လင့်ကြောင်း လမ်းပတ်က ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent