ယနေ့ညကစားမည့် ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ဂျူဗင်တပ်စ်-အေစီမီလန်ပွဲ အပြီးတွင် နှစ်ဖက်ကစားသမားများအား ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ညကစားမည့် ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ဂျူဗင်တပ်စ်-အေစီမီလန်ပွဲ အပြီးတွင် နှစ်ဖက်ကစားသမားများအား ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)သည် ကပ်ဘေးကာလအတွင်း ပြန်ကစားမည့် ကလပ်အသင်းပွဲစဉ်များတွင် ဘေးကင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်နေပြီး စီးရီးအေကလပ်အသင်းများအနေဖြင့် ကျန်းမာရေးစည်းကမ်းများကို လိုက်နာခြင်း ရှိ၊ မရှိကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
FIGC သည် ယနေ့ည (မြန်မာစံတော်ချိန် စနေနံနက် ၁:၃၀ နာရီ)တွင် ကစားမည့် ဂျူဗင်တပ်စ်-အေစီမီလန်ပွဲအပြီးတွင် နှစ်ဖက်အသင်း ကစားသမားများကို သီးခြားခွဲခြားကာ ပိုး ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သည်။
ထို့ပြင် ကစားသမားများ ဘေးကင်းလုံခြုံရေးအတွက် နောက်တစ်ပွဲ မကစားမီ အနည်းဆုံး (၂)ကြိမ် ဆေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
စီးရီးအေပြိုင်ပွဲတွင် ကစားသမားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပါက Quarantine (၁၄)ရက် ဝင်ရမည်ဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ကင်းစင်မှသာ အသင်းနှင့်အတူ ပူးပေါင်းခွင့်ရမည်ဖြစ်သည်။