ဘာစီလိုနာအသင်း တိုက်စစ်မှူးတစ်ဦး ဝယ်ယူလိမ့်မည်ဟု အာစင်ဝင်းဂါး သုံးသပ်

ဘာစီလိုနာအသင်း တိုက်စစ်မှူးတစ်ဦး ဝယ်ယူလိမ့်မည်ဟု အာစင်ဝင်းဂါး သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 12 June 2020

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက ဘာစီလိုနာအသင်းအနေဖြင့် ဆွာရက်ဇ်၊ ဂရီးဇ်မန်းတို့ ရှိနေသော်လည်း တိုက်စစ်မှူးတစ်ဦး ဝယ်ယူလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ 

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက ဘာစီလိုနာအသင်းအနေဖြင့် ဆွာရက်ဇ်၊ ဂရီးဇ်မန်းတို့ ရှိနေသော်လည်း တိုက်စစ်မှူးတစ်ဦး ဝယ်ယူလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်မှူး ဆွာရက်ဇ် နေရာတွင် အစားထိုးရန်အတွက် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ခေါ်ယူမည်ဟု သတင်းများက ဖော်ပြနေကြသည်။ 

အာစင်ဝင်းဂါးက ဘာစီလိုနာအသင်းအနေဖြင့် ဆွာရက်ဇ်နေရာတွင် အစားထိုးရန်မလိုအပ်သေးသော်လည်း နောက်ထပ်တိုက်စစ်မှူး တစ်ဦးခေါ်ယူလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဘာစီလိုနာအသင်းဟာ ထိပ်တန်းကစားသမားတွေကို အမြဲခေါ်ယူတတ်တဲ့ အသင်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဆွာရက်ဇ်နေရာကို အစားထိုးဖို့ မလိုသေးဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ တိုက်စစ်မှူး နောက်တစ်ဦးလောက် ထပ်ခေါ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့က အဓိကဂိုးသွင်းရှင်တွေဖြစ်ပြီး သူတို့အနေနဲ့ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးနောက်တစ်ယောက် ခေါ်ယူပါလိမ့်မယ်"ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။ 

ထို့ပြင် အာစင်ဝင်းဂါးက ဘာစီလိုနာအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းအနေဖြင့် ယခုထက်ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အပြင် PSG အသင်းမှ အသင်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ နေမာကို ပြန်လည်ခေါ်ယူမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ 

Most Read

Most Recent