ကိုပါအီတာလီယာဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 June 2020

ဂျူဗင်တပ်စ် နှင့် အေစီမီလန် (၁၃-၆-၂၀၂၀ နံနက် ၁:၃၀ နာရီ)

ပထမအကျော့တုန်းက စီရော်နယ်လ်ဒိုရဲ့နောက်ကျပယ်နယ်တီဂိုးကြောင့်သာ မီလန်မြေမှာ ဂျူဗင်တပ်စ်အသင်း  ရှုံးပွဲမတွေ့ခဲ့တာပါ။ ဂျူဗင်တပ်စ်က အေစီမီလန်နဲ့ထိပ်တိုက် တွေ့ဆုံမှု အိမ်ကွင်း(၇)ပွဲဆက် အနိုင်ယူထားတယ်ဆိုပေမယ့် နောက်ဆုံး(၃)ပွဲက ဂိုးမပြတ်ခဲ့ဘူး။ ဟီဂွါအင် ဒဏ်ရာကြောင့် ပါဝင်ဖို့မသေချာလို့ ဂျူဗင်တပ်စ်တိုက်စစ်မှာ ဒီဘားလား၊ စီရော်နယ်လ်ဒို၊ ဒူးဂလပ်စ်ကော်စတာအတွဲနဲ့ ပွဲထွက်လာဖို့များတယ်။ ပွဲတွေရပ်နားထားတာကြာနေပြီဖြစ်လို့ ခြေစွမ်းပိုင်းကို မှန်းဆရခက်ပေမယ့် ဒီတိုက်စစ်အတွဲက ဟီဂွါအင်ပါဝင်တဲ့ အစုအဖွဲ့ထက်တော့ လုပ်အားနှုန်းပိုကောင်းနိုင်တယ်။ အေစီမီလန်အသင်းက လူစာရင်းတည်ငြိမ်ပေမယ့် နောက်တန်းနဲ့ တိုက်စစ်ပိုင်းမှာ ပြဿနာရှိနိုင်တယ်။ ဒါ့အပြင် အေစီမီလန်အနေနဲ့ စီးရီးအေထိပ်သီးပြိုင်ဘက်တွေနဲ့ ဆုံတွေ့ရာမှာ နိုင်ပွဲတစ်ပွဲတောင် မရှိခဲ့တာကိုလည်း ထည့်တွက်ရမယ်ထင်တယ်။ ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့ ဂျူဗင်တပ်စ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

Most Read

Most Recent