ဥရောပပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံရမှု အယူခံ ရှုံးနိမ့်ပါက မန်စီးတီးအသင်းကို ဒီဘရိုင်းနား စွန့်ခွာဖွယ်ရှိသည်ဟု မာတီနက်ဇ် သုံးသပ်

ဥရောပပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံရမှု အယူခံ ရှုံးနိမ့်ပါက မန်စီးတီးအသင်းကို ဒီဘရိုင်းနား စွန့်ခွာဖွယ်ရှိသည်ဟု မာတီနက်ဇ် သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 6 June 2020

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်က ဒီဘရိုင်းနားအနေဖြင့် မန်စီးတီးအသင်း၏ ဥရောပပြိုင်ပွဲ (ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်) ဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံရမှုအယူခံ ရှုံးနိမ့်ခဲ့ပါက မန်စီးတီးအသင်းကို စွန့်ခွာဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက UEFA မှ ချမှတ်ထားသည့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP) ကို ချိုးဖောက်မှုဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံခဲ့ရသလို၊ ပေါင် (၂၅)သန်း ဒဏ်ရိုက်ခံခဲ့ရသည်။ 

မန်စီးတီးအသင်းအနေဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံရမှုကို နိုင်ငံတကာအားကစားခုံရုံး (CAS)ထံ အယူခံ ဝင်ထားပြီး ယင်းအမှုကို ဇွန်လ (၈)ရက်မှ ဇွန်လ (၁၀)ရက်အတွင်း ကြားနာမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ အဆိုပါအယူခံသာ ရှုံးနိမ့်ခဲ့ပါက မန်စီးတီးအသင်းအနေဖြင့် အသင်းကွင်းလယ်လူ ဒီဘရိုင်းနားကို လက်လွှတ်ရဖွယ်ရှိနေကြောင်း မာတီနက်ဇ်က beIN SPORTS သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မာတီနက်ဇ်က "ကီဗင်(ဒီဘရိုင်းနား)က အမြဲတမ်း အနိုင်ရချင်သူပါ။ တကယ်လို့ မန်စီးတီးအသင်းအနေနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်သာ ပိတ်ပင်ခံရမယ်ဆိုရင် ဒီဘရိုင်းနားက သူ့ရဲ့ အနာဂတ်ကို စဉ်းစားပါလိမ့်မယ်။ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းအတွက် အကောင်းဆုံးပေးဆပ်နေသူဖြစ်ပြီး ဒီအချိန်မှာ သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ နောက် (၄)၊ (၅) နှစ်အတွင်းမှာ ဘာတွေ ဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ကီဗင်က ရင့်ကျက်တဲ့ လူတစ်ယောက်ပါ။ တကယ်လို့ မန်စီးတီးသာ အယူခံရှုံးနိမ့်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ အကောင်းဆုံးလမ်းကို ရွေးချယ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၈) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားသည် မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း မန်စီးတီးအသင်းအနေဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးခဲ့မည်ဆိုပါက သူ၏ အနာဂတ်ကို စဉ်းစားဖွယ်ရှိသည်ဟု ပြောဆိုထားသည်။ 

Most Read

Most Recent